အံသွားတံချောင်း၏
နာမည်ရင်း
“အချစ်“ ဖြစ်သောအခါ
ငါးမျှားချိတ်က လူလားမြောက်၍
ထိုနာမည်ကို ခိုး၏။
v အဖေလည်း
ငါးမျှားထွက်ခဲ့ဖူးတာကို
ငါ မမေ့ဘူး
အဖေ မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီထဲမှာလည်း
အဲဒါ ပါမယ်မထင်။
Ø ခိုစာကျွေးနေသော
အမေအိုသည်
အချစ် ၉၀%ဖြစ်၍
ခို ၁၀%သည်
ယတြာချေသူ၏ အားကိုးရာ။
v သံယောဇဉ်
လမ်းကျဉ်းပေါ်
လွဲချော်တိမ်းပ
ထနောင်းပင်ရိပ်က
ကူတဲ့ချိုးညီနောင်….. တမ်းတနွမ်းလျ။
Ø သို့သော်
သစ္စာတေးပင် ဖြစ်လိမ့်မည်
ဗိုင်းရပ်(စ်)တစ်ကောင် ဖန်ဆင်း၍
နှုလုံးသားကို လက်မှတ်ဝင်စစ်သောအခါ
ငါသည် သစ္စာတရားထိုင်ခုံနှင့်။
v သစ္စာတရားပင်
တိမ်းညွတ်မှုဖြစ်သလော
ခဏခဏ
အဲဒီ ခဏခဏကိုပဲ
“ရင်“အကြွေးတွေ
ပေးဆပ် ၊အသက်ထပ်
ပေးလျှော်ခဲ့ရသလိုပဲ……..။
Ø ညီမလေးရယ်
သပြေပန်းနဲ့ ကမ်းမလင့်ဖြစ်တောင်
ဆုံးခန်းသွားတဲ့ အချစ်အတွက်
အဲဒီပန်းနဲ့ ရေသပ္ပယ်
ဝဠ်ကြွေးဆုံးပါစေတာ့လို့။
v ထိုအခါ
သပြေသီးကောက်စို့လားရယ်ကွဲ့….လို့လည်း
ညီမလေးရေ…….ဘာရေ
မခေါ်ရဲ၊မခေါ်ရက်ခဲ့ပြီမို့
တိမ်ပြာသည် တောင်စဉ်ခုနှစ်လုံးကို
မခြယ်သ
မိမွေးတိုင်း၊ဖမွေးတိုင်း
တမ်လွင်မြူခိုးတို့သည်
လွမ်းတလွင့်လွင့်လျှင်……….။
Ø
ကျော်ဇောလွင်
v မောင်နေပြာ