Jun 20, 2016

ဓားအိမ်/ဓားအိမ္

-အဲ့ဒီ အနှောင့်မလွတ် အသွားမလွတ် ဇာတ်ထုပ်ကို
တမင်လုပ်တာ မဟုတ်ပါဘူး
ရှင်သန်နေရတဲ့ ဘဝ ကိုက
ကျဉ်းကျပ်လွန်းခဲ့တာပါ ။
- ထက်မြမှု ဆိုတာတွေက
ကိုယ့်အိမ်ကိုယ့်ရာလို အတည်တကျနဲ့
သိုက်မြုံတွေ မလှမပ ဖွဲ့လို့ ။
- ဝင်လိုက်ထွက်လိုက် ရိုက်ချက်ပြင်းပြင်းတွေအောက်
ဖန်တရာတေအောင် လျှောက်ခဲ့သမျှ
ပွင့်ခွင့်မရဘဲ ကြွေ , ကြွေကျ
ကြာတော့
အခန်းထောင့်က အိပ်ဖန်စောင့်သာသာ ကြတ်ခိုးတွေလို
ဘဝဟာ ဟန်ပြ သက်သက်နဲ့
အက်ရှ ကြေကွဲ ခဲ့ရပေါ့ ။ ။
မောင်ယုယ

Zawgyi:
-အဲ့ဒီ အေႏွာင့္မလြတ္ အသြားမလြတ္ ဇာတ္ထုပ္ကို
တမင္လုပ္တာ မဟုတ္ပါဘူး
႐ွင္သန္ေနရတ့ဲ ဘဝ ကိုက
က်ဥ္းက်ပ္လြန္းခ့ဲတာပါ ။
- ထက္ျမမႈ ဆိုတာေတြက
ကိုယ့္အိမ္ကိုယ့္ရာလို အတည္တက်နဲ႔
သိုက္ၿမံဳေတြ မလွမပ ဖြဲ႔လို႔ ။
- ဝင္လိုက္ထြက္လိုက္ ႐ိုက္ခ်က္ျပင္းျပင္းေတြေအာက္
ဖန္တရာေတေအာင္ ေလွ်ာက္ခ့ဲသမွ်
ပြင့္ခြင့္မရဘဲ ေၾကြ , ေၾကြက်
ၾကာေတာ့
အခန္းေထာင့္က အိပ္ဖန္ေစာင့္သာသာ ၾကတ္ခိုးေတြလို
ဘဝဟာ ဟန္ျပ သက္သက္နဲ႔
အက္႐ွ ေၾကကြဲ ခ့ဲရေပါ့ ။ ။

ေမာင္ယုယ