Aug 2, 2012

သင်းခွေချပ်


စိတ်ရော ကိုယ်ရော
အခန်းကျဉ်းထဲ ပြွတ်သိပ်ထိုးထည့်
အလှည့်က ကိုယ်ဘက်မရောက်နိုင်ဘူး
သွားစမ်း
ငါ့အိတ်ထဲက မြွေဆိုးတစ်ကောင်ထွက်သွားစမ်း
ညနေတစ်ခင်းလုံး
မလှုပ်မလွန့်သာနဲ့
ငါ့မှာ
ဘေးစိတ်ဖဲတစ်ချပ်လို
အိပ်မက်က မပြောင်းနိုင်ဘူး။
ဝိုင်တစ်ခွက်သောက်ရရုံနဲ့တော့
လေချွန်တတ်မှာ မဟုတ်ဘူး
တောက်ခေါက်တတ်မှာ မဟုတ်ဘူး
ပန်းနာရင်ကျပ် ထမှာ မဟုတ်ဘူး။
ညနေတစ်စင်းမှာ
အပေါ်ယံ အရေပြားကိစ္စ
ဆေးသစ်ဝါးသစ်ကိစ္စ
ခရာသံတစ်ချက်ကိစ္စနဲ့
ငါက….
မခိုးချင်အောင်သာ ဆောင်မယ်
မနိုးချင်ယောင် မဆောင်ဘူး။  

အလင်းဆူး