Aug 2, 2012

သက်သေ

ဆုံတွေ့ခြင်းရဲ့အစ
မျက်ဝန်းက သက်သေတည်…
နှောင်ဖွဲ့ခြင်းရဲ့အစ
အချစ်သစ်သီးက သက်သေတည်….
ကြင်နာခြင်းရဲ့အစ
သံယောဇဉ်က သက်သေတည်…
ချစ်ခြင်းရဲ့အစ
သစ္စာက သက်သေတည်…
ချစ်သူ…
မင်းနဲ့ငါအတွက်
ချစ်သက်သေတွေ ဘယ်လောက်ပဲများခဲ့
ခွဲခွာခြင်းရဲ့အစမှာတော့
မျက်ဝန်းအကြည့်က သံသယငြှိ
အချစ်သစ်သီးက လွမ်းခြင်းဖြစ်
သံယောဇဉ်ကြိုးက ရင်ထဲညှိုး
သစ္စာစကားက မုသားတွေဖြစ်ခဲ့လို့
နောက်ဆုံးခွဲခွာခြင်းရဲ့ သက်သေတစ်ခုက
ငါ့ရင်ထဲက ကဗျာတွေပဲ ဖြစ်လိမ့်မယ်။    

နှင်းပန်းချီ

အပျိုစင်(နိုဝင်ဘာ၊၂၀၀၁)