Aug 2, 2012

ဗီနပ်(စ်) ဆုတောင်း

တစ်မျက်နှာလေး ဖတ်ချင်တာနဲ့
ဖိလစ်ပိုင် မင်းသမီး
Marian Rivera
တစ်အုပ်လုံး ငှားခဲ့ရ
ဟောဒီ…..ပန်းသီးထဲမှာ……
ရောဂါပိုးတွေ ဘယ်လောက်ပါသလဲ
ချိုမြိန်တဲ့ ချစ်ခြင်းတစ်ခုအတွက်နဲ့
လွမ်းဆွေးကြေကွဲမှု ပိုးတွေ
ဝါးမြိုခံခဲ့ရ….
ငါ့ကိုယ်…
ဗီနပ်(စ်)ဆိုတဲ့
အချစ်နတ်သမီးလေးရယ်….
ငါ့အတွက်….
အချစ်တွေပါတဲ့
နှလုံးသားကိုသာ ပေးသနားပါ….။      

မိုး(သရက်)

ရယ်စရာမဂ္ဂဇင်း (သြဂုတ်၊၂၀၀၁)