Aug 2, 2012

ငါ


ငါက
ငါ့ကိုရှာဖွေနေဆဲမှာ
ငါ့ကို
ငါက မတွေ့ရ။

ရှုမျော်ခင်းဆိုတဲ့ ပန်းချီကားမှာ
နှလုံးသားကို ဘယ်လိုဝှက်ထားသလဲ
ငါ့ခံစားမှု ဒဏ်ရာမှာ
အဆိပ်မိပြီ…….။

အိပ်မက် မက်တယ်ဆိုတာ
ငါ့ကိုငါ
ရှဖွေခြင်းလား။

ငါကတော့
ဒီနေ့ထိ
အိပ်ချင်ယောင် မဆောင်တတ်တာနဲ့ဘဲ
ညံ့ဖျင်းမှုတွေ ရနေခဲ့…………..။   

ညီမှူးအိမ်