Aug 2, 2012

မျက်နှာဖုံး


တစ်အိမ်တည်း
နောက်ကျောထိုးမယ့် ဓားတွေ သီချင်းတအေးအေး
အော်စကာ ရုပ်တွေနဲ့

ဆင်ကန်းကြီးတောတိုးလည်း
အစီအစဉ်တကျ ဖြောင့်ဖြူးလို့
ချစ်ပင်ချစ်သီးလေးတွေ
ဗုန်းဗုန်းလဲ ဖုန်းဖုန်းကြွေ

ဒါကို
သဘာဝကိုတောင် မုန်းတတ်ကြသေးတဲ့ လူမှာ
ထူးပြီး ဖွင့်ပြောစရာ မလိုတော့

သံသယက
သံသရာအထိ လိုက်နေမှာလား မေးမယ်
ခလုပ်နှိပ်တိုင်း

ရှော့ထထရိုက်တဲ့ အရှုပ်အရှင်း မနက်ဖြန်ကို
မျက်စိမှတ် တိုးဝင်ဖို့ကလွဲရင်
ဘာတဲ့လဲ။

ကိုရင့်