Aug 2, 2012

ရာသီဥတု


အိုအောင်မင်းအောင် ပေါင်းခဲ့ရတဲ့
ဒီစိတ်နဲ့
ဘဝမှာ နေမထိထိုင်မသာ ဖြစ်ခဲ့။

လွဲမှားတဲ့ ချိန်းဆိုမှုမှာ
ကောင်းကင်က
အရောင်ပြောင်းချင်ပြောင်းစေတော့

နှစ်ခါပြန်သတ်လို့မရတဲ့ ဒီန္ဓာမှာလည်း
ခေါင်းတွေသာ
အခါခါ ကိုက်ခဲခဲ့တယ်……။

ဟောဒီ
အဝတ်အစား ဘယ်လောက်သစ်သစ်
အသုံအကျတဲ့ နာရီတွေရဲ့အချိန်က
ရာသီဥတု မသာယာနိုင်ဘူး။    

ညီမှူးအိမ်