Aug 2, 2012

မနေ့က အဖြစ်အပျက်


ဝင်ကစွပ်ကောင်လည်း မဖြစ်ချင်ဘူး
အရေခွံလည်းမလဲချင်ဘူး
ဒီအတိုင်းပဲ
ဖြောင့်ဖြောင့်လေး
စီးဆင်းချင်တဲ့ မြစ်ပါ…………။

လျှိုဝှက်ချက်တွေများလွန်းတော့လည်း
နံနက်ခင်းမှာ
မျက်နှာသစ်ခဲ့ရတာ
အလကားပေါ့။

ခုတော့
ရှုပ်နေတဲ့ ကြိုးတွေနဲ့
အပိုင်းအစ သီချင်းများ
လွဲချော်မှုတွေသာ ခေါက်ရိုးကျိုးလို့။     

ညီမှူးအိမ်