Apr 17, 2018
ဆုတောင်း
ဒီပွဲမှာ ပေးလိုက်ရတဲ့ အသက်က
တကယ်တန်ရဲ့လား မေးကြည့်ချင်တယ်
ကိုယ်ချင်းစာတရားဆိုတာ
ပြတိုက်ထဲ လှလှပပ နေရာယူထားတဲ့
သမိုင်းဝင် ပစ္စည်းတစ်ခုလား
မခံချင်စိတ်နဲ့ ဝေ့တက်လာတဲ့ မျက်ရည်
မသုတ်ပါရစေနဲ့တော့
နာကျင်ခံခက်စွာ သွေးတွေဗလောင်ဆူတယ်
ဆုတောင်းပါတယ်
နောက်တစ်ခါ အလှည့်ကျတဲ့
ကံဆိုးသူ မျက်နှာမွဲလေးတွေ ထပ်မရှိပါစေနဲ့တော့
ဆုတောင်းပါတယ်
လုပ်ကြံအမြတ်ထုတ်တဲ့ စိတ်ဓာတ်တွေနဲ့
ဘယ်ဘဝမှာမှ ပြန်မဆုံဖို့
ဆုတောင်းပါတယ်
မသိချင်ယောင်ဆောင်မယ့်
စာနာမဲ့ လူတစ်စုနဲ့ဝေးဖို့
အပယ်ခံလူသားတို့ ငြိမ်းချမ်းဖို့
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဘဝအဆက်ဆက်------။ ။
ယောလုံမေ
တကယ်တန်ရဲ့လား မေးကြည့်ချင်တယ်
ကိုယ်ချင်းစာတရားဆိုတာ
ပြတိုက်ထဲ လှလှပပ နေရာယူထားတဲ့
သမိုင်းဝင် ပစ္စည်းတစ်ခုလား
မခံချင်စိတ်နဲ့ ဝေ့တက်လာတဲ့ မျက်ရည်
မသုတ်ပါရစေနဲ့တော့
နာကျင်ခံခက်စွာ သွေးတွေဗလောင်ဆူတယ်
ဆုတောင်းပါတယ်
နောက်တစ်ခါ အလှည့်ကျတဲ့
ကံဆိုးသူ မျက်နှာမွဲလေးတွေ ထပ်မရှိပါစေနဲ့တော့
ဆုတောင်းပါတယ်
လုပ်ကြံအမြတ်ထုတ်တဲ့ စိတ်ဓာတ်တွေနဲ့
ဘယ်ဘဝမှာမှ ပြန်မဆုံဖို့
ဆုတောင်းပါတယ်
မသိချင်ယောင်ဆောင်မယ့်
စာနာမဲ့ လူတစ်စုနဲ့ဝေးဖို့
အပယ်ခံလူသားတို့ ငြိမ်းချမ်းဖို့
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဘဝအဆက်ဆက်------။ ။
ယောလုံမေ
Aug 25, 2016
Jun 30, 2016
အွန်လိုင်းမှာ အလုပ်အကိုင် ရှာဖွေရေး
ကျွန်တော်မှာ ညီငယ်တစ်ယောက် ရှိသည်။ သူက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေခဲ့တာ ၆ နှစ်လောက် ရှိပြီ။ သူ့ကို ကျွန်တော် က သူ့မိသားစု နဲ့အတူ နေထိုင်ရန်၊ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ဖေဖေ နဲ့ အတူ နေထိုင်စောင့်ရှောက်ရန် မြန်မာပြည်ပြန် အလုပ်လုပ်ဖို့ အမြဲတိုက်တွန်းဖြစ်သည်။ ဖေဖေ ရဲ့ သဘောထား ဆနလည်းပါပါသည်။ ဒါပေမဲ့ သူ အမြဲပြောတာ က မြန်မာပြည်မှာ အလုပ်အကိုင် ရှားသည်တဲ့။ သူဘယ်လိုမှ မြန်မာပြည်မှာ အလုပ်ရှာလို့မရပါတဲ့။ ကျွန်တော်ကတော့ အားပေးမြဲ အားပေးသည်။ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း မိမိအရည်အချင်းအလိုက် သင့်တော်သော အလုပ်အကိုင်များ ရှိသင့်သလောက် ရှိပါသည်။ မင်း ရက်အနည်းငယ် လအနည်းငယ် ကြိုးသားရှာဖွေ ကြည့်က ဖြစ်နိုင်ပါတယ် လို့ ခဏခဏ သတိပေးသည်။ သို့ပေမဲ့ သူ ရှာမရခဲ့။ ပြီးခဲ့တဲ့ နှစ် ၂၀၁၅ သကြန် က သူပြန်ရောက်လာရင်း ၄ လ ခန့် မြန်မာပြည်မှာ နေသွားသည်။ နောက် အလုပ်မရဟု ဆိုကာ ထိုင်းနိုင်ငံသို့ပင် ပြန်ကာ အလုပ်လုပ်နေခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က ညီငယ်သည် သချာၤဘွဲ့ကို အဝေးသင်တက်ရောက်ကာ ယူခဲ့သည်။ နောက် အစိုးရ နည်းပညာကောလိပ် (GTC) တက်ရောက်ခဲ့ပြီး အကြောင်းကြာင့် ပြီးဆုံးအောင် မတက်နိုင်ဘဲ လုပ်ငန်းခွင်ထဲရောက်သွားသည်။ သူ့ဘဝရဲ့ ပထမဆုံး လုပ်ငန်းအတွေ့အကြုံ က လှိုင်သာသာမှာ ရှိတဲ့ စက်မှုလုပ်ငန်းတစ်ခုမှာ အလုပ်သမား နောက် အလုပ်သမားခေါင်းဆောင် နှင့် ဂိုထောင် တာဝန်ခံ။ လှိုင်သာယာကပြီးတော့ သူ ထိုင်းနိုင်ငံ နယ်စပ်ရောက်သွားသည်။ အဲဒီမှာ ဈေးဆိုင်အလုပ်သမား ၊ ပစည်းအတင်အချ ၊ ပစည်း အဝင်အထွက် စာရင်းကိုင် စသည် စသည်ဖြင့် တော်တော် ကျင်လည်ခဲ့ရ သည်။ နောက်ဆုံးတော့ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း မြန်မာအများစုနေရာ နေထိုင်ရာ ထိုင်းနိုင်ငံ မဟာချိုင်ဘက်ကို ရောက်သွားသည်။ ထိုင်းနိုင်ငံမှာ လည်း အလုပ်အကိုင် ၄ ခု ၅ ခု လောက် ပြောင်းရင် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ရသည်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အနိမ့်ဆုံးတစ်နေ့လုပ်အားခသည် ထိုင်ဘတ် ၃၀၀ ( 300 THB) မြန်မာငွေ ကျပ် (၁၀၀၀၀) ကျော် ၊ ဒါပေမဲ့ နေစရိတ် စားစရိတ် ဘာကြေး ညာကြေး နဲ့ သူ မပိုလျှံခဲ့ဘူး။ ငွေ မစုနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ထိုင်းမှာ ၆ နှစ်လောက် ကျင်လည်ခဲ့ရတယ်။
ကျွန်တော်နဲ့ ပြန်တွေ့တော့ သူအဆင်မပြေ။ ထိုင်းမှာ တစ်ရက် ကျပ် (၁၀၀၀၀) ကျော် က အလုပ်ဆင်းတဲ့ရက်မှ ရတာ တစ်လမှာ ၂၂ ရက် အလုပ်ဆင်းရတော့ ကျပ်ငွေ (၂၂၀၀၀၀) နောက် အချိန်ပိုခ ရရင် တစ်နေ့ ထိုင်းဘတ်ငွေ (၂၀၀) သို့မဟုတ် (၃၀၀) ။ ဒါက နေ့တိုင်းရသည် မဟုတ်။ စုစုပေါင်း သူရတာ မြန်မာငွေကျပ် (၃) သိန်းနဲ့ (၄) သိန်းကြား။ အခြားတွေ့ကြုံရတဲ့ အခက်အခဲတွေက မနည်းမနော။ မင်း ဒီငွေ ပမာဏလောက်ရရင် မြန်မာပြည် ပြန်လုပ်မလား ကျွန်တော် မေးလိုက်သည်။သူ မြန်မာပြည်မှာ ပြန်ပြီးတော့ အလုပ်လုပ်ချင်ပါတယ်ဆိုတော့ ကျွန်တော် သူ့အတွက် ကူညီပေးဖို့ စဉ်းစားရပြီ။
ကျွန်တော်မှာ ကိုယ်ပိုင်လုပ်ငန်း ကန်ပဏီ မရှိပါ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေမှာ ရှိတယ်ဆိုဦးတော့ ကျွန်တော် ပြောပေးလို့ မရနိုင်ပါ။ ကျွန်တော် အလုပ်ခန့်ပေးလို့မရပါ။ ကူညီလို့ ရသည်။ လမ်းပြပေးလို့ရသည်။ ဒီဘက် ၄/ ၅ နှစ်လောက် အတွင်းမှာ မြန်မာ အလုပ်အကိုင်ဈေးကွက်က ပြောင်းလဲလာသည်ကို ကျွန်တော် သတိပြုမိသည်။ အများစု က online ကို အသုံးပြုပြီး အလုပ်ခန့်လာကြသည်။ အလုပ်ရှာလာကြသည်။ ကျွန်တော် online ကနေ အလုပ်ရှာဖို့ ကူညီရမည်။
ကျွန်တော် သူ့ကို မေးကြည့်သည်။ အီးမေးလ် (Email) သုံးတတ်လားဆိုတော့ နည်းနည်းသုံးတတ်ပါသည်တဲ့။ ဒါဆို အဆင်ပြေပြီး။ သူ အီးမေးလ် သုံးတာ ကျွမ်းကျင်အောင် ထပ်သင်ပေးလိုက် သည်။ အနီးကပ် သတင်းတစ်ပတ်လောက် သင်လိုက်တော့ သူ အဆင်ပြေပြေ သုံးတတ်လာသည်။ နောက် အင်္ဂလိပ်စကားပြောနိုင်သလားမေးတော့ သိပ်မရဘူး။ သူလုပ်ခဲ့ရတဲ့ အလုပ်တွေက အင်္ဂလိပ်စာ များများလိုတဲ့ အလုပ်တွေ အဟုတ်ဘူးလေ။ ဒါပေမဲ့ သူ သင့်တင့်သလောက်နားလည်သည်။ ဖတ်တတ်သည်။ ရေးတတ်သည်။
ပထမဆုံး သူ့ကို ကိုယ်ရေးအချက်အလက် အကျဉ်း (CV) ရေးတတ်အောင် ပြောပြရသည်။ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တွေ သေချာမေး၊ အင်္ဂလိပ် မြန်မာ ၂ ဘာသာ နဲ့ နားလည်အောင်သေချာရှင်းပြ ၊ နောက် အလုပ်အကိုင် ဖော်ပြချက်အပိုင်း (Job Description) သေချာစေစပ့်အောင် မေးရသည်။ မိမိဖော်ပြထားချက်မှန်ကန်မှ အလုပ်ရှင် က နားလည်မည်။ သူ့အလုပ် လိုအပ်ချက်နဲ့ ကိုက်ညီ မညီ စဉ်းစားနိုင်မှာ ဖြစ်သည်။ CV ကို အကြိမ်ကြိမ် အချောရေး သူလုပ်ကိုင်ခဲ့တာလုပ်ငန်းခွင်၊ သူရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အပိုအလို မရှိအောင် ဖော်ပြနိုင်သလားဆိုတာ သူဖာ့သာ စီစစ်စေခဲ့တယ်။ နောက်ဆုံးတော့ သူ့အလုပ်အကိုင် အတွေ့အကြုံ အကြောင်းကို အကောင်းဆုံး အမှန်ဆုံးဖော်ပြနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ CV တစ်စောင် ရရှိခဲ့သည်။
စာနယ်ဇင်းတွေကနေ အလုပ်ကြော်ငြာ စောင့်ဖတ် ၊ အသိမိတ်ဆွေတွေကို အလုပ်အကိုင် အခွင့်အလမ်းမေး အဲဒီခေတ် ကုန်သွားပြီ။ Online ပေါ်ကနေ အလုပ်ရှာရတာ့ မယ်။ မြန်မာပြည်မှာ နာမည်ရနေတဲ့ အလုပ်ရှာဖွေရေး Website တွေကို လေ့လာခိုင်း နောက် Sign Up / Register လုပ်ခိုင်းရသည်။ https://www.work.com.mm/ , http://www.myjobs.com.mm/ , https://www.jobnet.com.mm , http://www.myanmar-network.net/ စတဲ့စတဲ့ ဆိုဒ်တွေမှာ ဝင်ကြည်ရင်း မိမိ နဲ့ သင့်တော်တဲ့ ယာဉ်မောင်း ၊ လုံခြုံးရေး ကနေ မန်နေဂျာ ၊ ဒါရိုက်တာ ၊ အကြံပေးပါ မကျန် အကုန်တွေ့ရမည်။
သက်ဆိုင်ရာ အဲဒီဆိုဒ်တွေ မှာ မိမိ ရဲ့ အလုပ်ကိုင် အချက်အလက်တွေကို ဖြည့်ပေး ၊ မျော်မှန်းလစာ ၊ မိမိ ကြိုက်နှစ်သက်တဲ့ အလုပ် (မိမိ အရည်းအချင်းနဲ့ သင့်တော်သော အလုပ်) တွေ ကို ဖြည့်ထားရပါသည်။ ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်း၊ အီမေးလ် စသည် နောက် မိမိ အလုပ်လုပ်ချင်တဲ့ ဒေသ တိုင်းနဲ့ ပြည်နယ် ဒါတွေပါ သေချာ ဖြည့်ထားလို့ရပါပြီ။ ခုနက ရေးခိုင်းထားတဲ့ CV ကို အလုပ်ရှာဖွေရေး Website မှာ Upload လုပ်ခိုင်းရသည်။ နောက် အရေးကြီးသော စာရွက်စာတမ်းများကို စကင် (Scan) ဖတ်ကာ သက်ဆိုင်ရာ နေရာတွေ မှာ Upload လုက်ခိုင်းရပြန်သည်။ ဆယ်တန်းအောင်လက်မှတ်၊ ဘွဲ့ရလက်မှတ်၊ တက်ခဲ့ဖူးသော လုပ်ငန်းခွင် သင်တန်း၊ အခြား သင်တန်း စသည် စသည်။
အီးမေးလ် သတိပေးစာလေးပါ ရေးထားရင်တော့ မိမိ နဲ့ သင့်တော်တဲ့ အလုပ်ကို Website က နေ့တိုင်း ပို့ပေးနေမှာ ဖြစ်ပါသည်။ မိမိ နှစ်သက်တဲ့ လုပ်ကိုင်နိုင်တဲ့ အလုပ်တွေ့ရင်တော့ Website မှာ အသင့်ဖြည့်ပြီးသား CV လေးကို အသုံးပြုပြီး နေ့စဉ်လျှောက်ထားနိုင်ပါပြီ။ ငွေကြေးပေးစရာ မလိုပါ။ Computer မသုံးနိုင်ရင်တောင် မိမိ သုံးနေတဲ့ ဖုန်းကနေ နေ့စဉ် ဝင်ကြည့် လျှောက်ထားလို့ ရပါသည်။
ဒီလိုနဲ့ ကျွန်တော် ညီငယ် လျှောက်လိုက်တာ တစ်လလောက်ကြာတော့ အလုပ်အင်တာဗျုးချိန်းတာတွေ စတင်လက်ခံရရှိပါသည်။ ကံကောင်းထောက်မစွာပဲ ပထမဆုံး အလုပ်မှာတင် အင်တာဗျူးအောင်ခဲ့ပြီး အလုပ်ခွင်ဝင်ရောက်နိုင်ခဲ့ပါသည်။ သူ ထိုင်းနိုင်ငံမှာ ကိုင်ဆောင်တဲ့ ဖုန်းကတစ်ဆင့်ပဲ (Viber) ဗျူးကြပါသည်။ သူလုပ်ချင်တဲ့ အလုပ် ၊ သူလုပ်ချင်တဲ့ဒေသ ၊ သူ ထိုင်းနိုင်ငံမှာ ရတဲ့ လစာထက်ပိုတဲ့ လစာနဲ့ ခံစားခွင့် ကို ပါ ရရှိခဲ့ပါသည်။ ခုတော့ သူလည်း အဲဒီ ကန်ပဏီ ရဲ့ ဒေသဆိုင်ရာ မန်နေဂျာ အဆင့်နဲ့ ဒီလ ပထမဆုံးထုတ် လစာ ကို ရရှိခံစားရပြီး ပါပြီ။
ဒါဟာ ကျွန်တော်အတွက်တော့ အလုပ်အကိုင်ရှာဖွေပေးရေး အတွေ့အကြုံ ထဲက တစ်ခု ဖြစ်ပါသည်။ လူငယ်လူရွယ်များလည်း မိမိတို့ တတ်ထားတဲ့ ပညာ ၊ ရရှိထားတဲ့ လုပ်ငန်းအတွေ့အကြုံတွေကို အခြေခံပြီး ထိုက်တန်တဲ့ အလုပ်အကိုင် ၊ လစာ နဲ့ ခံစားခွင့် ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ အကူအညီ လိုအပ်တယ် ဆိုရင်ဖြင့် sanlwin007@gmail.com သို့ အီးမေးလ် ပေးပို့တောင်းခံနိုင်ပါသည် ခင်ဗျာ။
ဆန်းလွင်
Jun 21, 2016
အခမ်းအနား
အပြုံးတစ်ခုက အခြားအပြုံးတစ်ခုပေါ်အထပ်ထပ်လဲကျသလို
ကျေကွဲမှုကနောက်ထပ်ကျေကွဲပေါ် အထပ်ထပ်လဲကျနိုင်တယ်
ဒီနေ့သောက်တဲ့အရက်
နောက်ရက်ထပ်မူးဖို့နည်းနည်းထပ်သောက်ဖို့လိုတယ်။
တစ်ယောက်လက်ကိုတစ်ယောက်လက်ဆွဲနှုတ်ဆက်ကြ
တစ်ယောက်နဲ့တစ်ယောက်အတူယှဉ်တွဲဓာတ်ပုံရိုက်ကြ
တစ်ယောက်နောက်ကြောတစ်ယောက်ဓားနဲ့ထိုးကြ
တစ်ယောက်ကျောကလှေကားထစ် တစ်ယောက်ရေကြ
တစ်ယောက်အပြုံးတစ်ယောက်တက်နင်းကြ
အတူတူသံန္နိဌာန်ပြုကြ
ပြီးတော့အတူတူချိုးဖောက်ကြ
မီးလောင်ရာလေပင့်သလို
လေပင့်ရာလည်းမီးလောင်နိုင်တာမေ့လျော့ထားသလို
အစိတ်အပိုင်းတစ်တစ်ခုက အခြားအစိတ်အပိုင်းတစ်ခုကိုချိုးဖျက်နိုင်တာပဲ
နီရိုးဘုရင်တီးတဲ့တယောထဲ ဝင်ပုန်းနေတဲ့အခမ်းအနားဟာ
အခမ်းအနားတက်သူတွေကိုထားရစ်ပြီး
အခမ်းအနားအစမှာ
အခမ်းအနားတက်သူတွေကိုကျောခိုင်း
သနားသလိုကြည့်ပြီးထွက်သွားလေရဲ့။
အခမ်းအနားတက်သူတွေပြောကြတာက
အခမ်းအနားမပြီးသေးဘူးတဲ့။
မင်းသူအောင်
Jun 20, 2016
ဓားအိမ်
-အဲ့ဒီ အနှောင့်မလွတ် အသွားမလွတ် ဇာတ်ထုပ်ကို
တမင်လုပ်တာ မဟုတ်ပါဘူး
ရှင်သန်နေရတဲ့ ဘဝ ကိုက
ကျဉ်းကျပ်လွန်းခဲ့တာပါ ။
- ထက်မြမှု ဆိုတာတွေက
ကိုယ့်အိမ်ကိုယ့်ရာလို အတည်တကျနဲ့
သိုက်မြုံတွေ မလှမပ ဖွဲ့လို့ ။
- ဝင်လိုက်ထွက်လိုက် ရိုက်ချက်ပြင်းပြင်းတွေအောက်
ဖန်တရာတေအောင် လျှောက်ခဲ့သမျှ
ပွင့်ခွင့်မရဘဲ ကြွေ , ကြွေကျ
ကြာတော့
အခန်းထောင့်က အိပ်ဖန်စောင့်သာသာ ကြတ်ခိုးတွေလို
ဘဝဟာ ဟန်ပြ သက်သက်နဲ့
အက်ရှ ကြေကွဲ ခဲ့ရပေါ့ ။ ။
မောင်ယုယ
Oct 22, 2015
ကျွန်တော့်ကိုနှိမ်ပါ
အဖိအနှိပ်ခံဘက်မှရပ်ပြီး အမြဲတမ်း
အခမဲ့ အတိုက်အခံ လုပ်ပေးတတ်ခြင်းကြောင့်
ကျွန်တော့်ကိုနှိမ်ပါ
လိုရာခရီးကို လမ်းရိုးမှလိုက်တတ်ခြင်းကြောင့်
ဦးချိုမှ နို့ညှစ်ချင်သူများ
(ကိုလံဘတ်စ် မပါ)
ကျွန်တော့်ကိုနှိမ်ပါ
စာအုပ်ကောင်းများကို ရွေးချယ်ဖတ်ပြီးမှ
တွေးတတ်ခေါ်တတ်သူ ကျွန်တော့်အား
(စာမဖတ်ဘဲ) အလိုအလျောက် တွေးတတ်ခေါ်တတ်နေသော
နေရာတကာအိတ်စပတ်များ
ကျွန်တော့်ကိုနှိမ်ပါ
ဘီကီနီဝတ်စုံနဲ့ မယ်စကြဝဠာ ပို့စ် အမျိုးမျိုးနဲ့
လာစွဲဆောင်လည်း စိတ်လာချင်မှ လာမယ်
ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ
အက်ရှဘရီနဲ့ ဘန်းစတိုင်း အထာကြီးကြီးကိုင်နေလည်း
စိတ်လာချင်လာမိမယ်
ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ
အညှောင့်ထွက်စကလောင်တွေရဲ့. လက်ရာတစ်ချို့ကို
ဆင်ကလောင်များ၏ လက်ရာတစ်ချို့ထက် ကြိုက်နှစ်သက်မှုအတွက်
ကျွန်တော့်ကိုနှိမ်ပါ
ကျွန်တော်သည် မိမိဘယ်လောက်ထိရှော်ကြောင်း
ဂဃနဏသိရှိရန် ကြိုးစားအားထုတ်နေသော
လူရှော်တစ်ယောက်သာ ဖြစ်ပါသည်
ထို့ကြောင့် မိမိကိုယ်မိမိ လူတော်ဟု အထင်ရှိနေသော
လူတော်အပေါင်းတို့
ကျွန်တော့်ကို နှိမ်ကြပါ။
ဆေးခါး
22.10.2013
5:30 p.m(TDI)
အခမဲ့ အတိုက်အခံ လုပ်ပေးတတ်ခြင်းကြောင့်
ကျွန်တော့်ကိုနှိမ်ပါ
လိုရာခရီးကို လမ်းရိုးမှလိုက်တတ်ခြင်းကြောင့်
ဦးချိုမှ နို့ညှစ်ချင်သူများ
(ကိုလံဘတ်စ် မပါ)
ကျွန်တော့်ကိုနှိမ်ပါ
စာအုပ်ကောင်းများကို ရွေးချယ်ဖတ်ပြီးမှ
တွေးတတ်ခေါ်တတ်သူ ကျွန်တော့်အား
(စာမဖတ်ဘဲ) အလိုအလျောက် တွေးတတ်ခေါ်တတ်နေသော
နေရာတကာအိတ်စပတ်များ
ကျွန်တော့်ကိုနှိမ်ပါ
ဘီကီနီဝတ်စုံနဲ့ မယ်စကြဝဠာ ပို့စ် အမျိုးမျိုးနဲ့
လာစွဲဆောင်လည်း စိတ်လာချင်မှ လာမယ်
ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ
အက်ရှဘရီနဲ့ ဘန်းစတိုင်း အထာကြီးကြီးကိုင်နေလည်း
စိတ်လာချင်လာမိမယ်
ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ
အညှောင့်ထွက်စကလောင်တွေရဲ့. လက်ရာတစ်ချို့ကို
ဆင်ကလောင်များ၏ လက်ရာတစ်ချို့ထက် ကြိုက်နှစ်သက်မှုအတွက်
ကျွန်တော့်ကိုနှိမ်ပါ
ကျွန်တော်သည် မိမိဘယ်လောက်ထိရှော်ကြောင်း
ဂဃနဏသိရှိရန် ကြိုးစားအားထုတ်နေသော
လူရှော်တစ်ယောက်သာ ဖြစ်ပါသည်
ထို့ကြောင့် မိမိကိုယ်မိမိ လူတော်ဟု အထင်ရှိနေသော
လူတော်အပေါင်းတို့
ကျွန်တော့်ကို နှိမ်ကြပါ။
ဆေးခါး
22.10.2013
5:30 p.m(TDI)
Sep 24, 2015
သမ္မတကြီးဖတ်ဖို့
ငါတို့မှာ ရှားရှားပါးပါး
သမ္မတကြီး တစ်ယောက်ရှိတယ်
သမ္မတကြီးရဲ့
"မိဘပြည်သူများခင်ဗျာ" ဆိုတဲ့မိန့်ခွန်းမှာ
ငါတို့အသားတွေပဲ့ပါသွားတာ
သမ္မတကြီး မသိရှာဘူး
ငါတို့သမ္မတကြီးဟာ ကဗျာမဖတ်
ကဗျာမရေးတတ်တော့
ငါတို့ကိုနွားနို့အတင်းသောက်ခိုင်းတယ်
တကယ်တော့
သမ္မတကြီးဟာ ရိုးသားရှာတယ်တဲ့
ငါတို့ကျောင်းသားပြည်သူတွေ
အကြမ်းဖက်ခံရတော့
ငါတို့ သမ္မတကြီးဟာ
ငါတို့ဘက်က မရပ်ခဲ့
သမ္မတကြီးဟာ
ငါတို့ကိုကြည့်ပြီး ရုံးခန်းထဲ
တရှု ံ့ရှု ံ့သွားငိုနေတယ်တဲ့
ငါတို့သမ္မတကြီးဟာ တကယ်တော့
ငါတို့ကိုချစ်ပါတယ်
ကျောင်းသားတွေနိုင်တော့
သမ္မတကြီး မဝတ်ခဲ့တဲ့မျက်နှာဖုံးဟာ
ရက်ရက်စက်စက် ကွာကျသွားခဲ့တယ်
ငါတို့ဟာ သမ္မတကြီးကိုအားနာမိကြရဲ့
သမ္မတကြီးဟာ
ငါတို့ကို အကာအကွယ်မပေးနိုင်ပေမယ့်
ကတိကဝတ်တွေကိုတော့
အထပ်လိုက်အထပ်လိုက် ပေးခဲ့တယ်
ဒါဟာ သမ္မတကြီးရဲ့
အတတ်နိုင်ဆုံးစွမ်းဆောင်ရည်ပါပဲ
ဒါဟာ သမ္မတကြီးရဲ့အနုပညာပါပဲ
ငါတို့နိုင်ငံရဲ့ဥပဒေဟာ
ငါတို့အတွက်မဟုတ်ကြောင်း
သမ္မတကြီးဟာ မသိခဲ့ရှာဘူး
ငါတို့မျက်ရည် ငါတို့အသံကို
သမ္မတကြီးဟာ
မကြားနိုင်ရှာပါဘူး
အလိုမတူဘဲလက်ထပ်လိုက်ရတဲ့
သတို့သမီးရဲ့ပထမဆုံးမင်္ဂလာ ဦးညလို
ငါတို့ဟာ ညစဉ်ညတိုင်း
ဖြတ်သန်းနေရ
ငါတို့မြေကို
ငါတို့ဟာ ပိုင်ဆိုင်ခွင့်မရ
ငါတို့ပညာရေး
ငါတို့ကျန်းမာရေး
ငါတို့စီးပွားရေး...
စစ်ရေးအမြင်ရှိတဲ့ သမ္မတကြီးဟာ
ငါတို့လိုအပ်ချက်တွေ
ဖြည့်ဆည်းမပေးနိုင်ပါဘူး
သမ္မတကြီးဟာ ရုပ်သေးရုပ်
သမ္မတကြီးဟာ ကြိုးကိုင်သူ
သမ္မတကြီးဟာ အာဏာရှင်
သမ္မတကြီးဟာ
မိုးပေါ်ထောင်မပစ်တတ်တဲ့စစ်သား
သမ္မတကြီးဟာ ခရိုနီ
သမ္မတကြီးဟာ သောင်းကျန်းသူ
သမ္မတကြီးခင်ဗျား...
ဒါသမ္မတကြီးရဲ့ မဖြစ်နိုင်ချေရှိတဲ့ မိုးလေဝသပါ
နားဆင်ပါ..
ဒါ ကျောင်းသားကဗျာဆရာတစ်ယာက်ရဲ့
အော်ငိုသံပါ သမ္မတကြီးခင်ဗျား...။
ဆလိုင်းမြတ်နိုးသူ
သမ္မတကြီး တစ်ယောက်ရှိတယ်
သမ္မတကြီးရဲ့
"မိဘပြည်သူများခင်ဗျာ" ဆိုတဲ့မိန့်ခွန်းမှာ
ငါတို့အသားတွေပဲ့ပါသွားတာ
သမ္မတကြီး မသိရှာဘူး
ငါတို့သမ္မတကြီးဟာ ကဗျာမဖတ်
ကဗျာမရေးတတ်တော့
ငါတို့ကိုနွားနို့အတင်းသောက်ခိုင်းတယ်
တကယ်တော့
သမ္မတကြီးဟာ ရိုးသားရှာတယ်တဲ့
ငါတို့ကျောင်းသားပြည်သူတွေ
အကြမ်းဖက်ခံရတော့
ငါတို့ သမ္မတကြီးဟာ
ငါတို့ဘက်က မရပ်ခဲ့
သမ္မတကြီးဟာ
ငါတို့ကိုကြည့်ပြီး ရုံးခန်းထဲ
တရှု ံ့ရှု ံ့သွားငိုနေတယ်တဲ့
ငါတို့သမ္မတကြီးဟာ တကယ်တော့
ငါတို့ကိုချစ်ပါတယ်
ကျောင်းသားတွေနိုင်တော့
သမ္မတကြီး မဝတ်ခဲ့တဲ့မျက်နှာဖုံးဟာ
ရက်ရက်စက်စက် ကွာကျသွားခဲ့တယ်
ငါတို့ဟာ သမ္မတကြီးကိုအားနာမိကြရဲ့
သမ္မတကြီးဟာ
ငါတို့ကို အကာအကွယ်မပေးနိုင်ပေမယ့်
ကတိကဝတ်တွေကိုတော့
အထပ်လိုက်အထပ်လိုက် ပေးခဲ့တယ်
ဒါဟာ သမ္မတကြီးရဲ့
အတတ်နိုင်ဆုံးစွမ်းဆောင်ရည်ပါပဲ
ဒါဟာ သမ္မတကြီးရဲ့အနုပညာပါပဲ
ငါတို့နိုင်ငံရဲ့ဥပဒေဟာ
ငါတို့အတွက်မဟုတ်ကြောင်း
သမ္မတကြီးဟာ မသိခဲ့ရှာဘူး
ငါတို့မျက်ရည် ငါတို့အသံကို
သမ္မတကြီးဟာ
မကြားနိုင်ရှာပါဘူး
အလိုမတူဘဲလက်ထပ်လိုက်ရတဲ့
သတို့သမီးရဲ့ပထမဆုံးမင်္ဂလာ ဦးညလို
ငါတို့ဟာ ညစဉ်ညတိုင်း
ဖြတ်သန်းနေရ
ငါတို့မြေကို
ငါတို့ဟာ ပိုင်ဆိုင်ခွင့်မရ
ငါတို့ပညာရေး
ငါတို့ကျန်းမာရေး
ငါတို့စီးပွားရေး...
စစ်ရေးအမြင်ရှိတဲ့ သမ္မတကြီးဟာ
ငါတို့လိုအပ်ချက်တွေ
ဖြည့်ဆည်းမပေးနိုင်ပါဘူး
သမ္မတကြီးဟာ ရုပ်သေးရုပ်
သမ္မတကြီးဟာ ကြိုးကိုင်သူ
သမ္မတကြီးဟာ အာဏာရှင်
သမ္မတကြီးဟာ
မိုးပေါ်ထောင်မပစ်တတ်တဲ့စစ်သား
သမ္မတကြီးဟာ ခရိုနီ
သမ္မတကြီးဟာ သောင်းကျန်းသူ
သမ္မတကြီးခင်ဗျား...
ဒါသမ္မတကြီးရဲ့ မဖြစ်နိုင်ချေရှိတဲ့ မိုးလေဝသပါ
နားဆင်ပါ..
ဒါ ကျောင်းသားကဗျာဆရာတစ်ယာက်ရဲ့
အော်ငိုသံပါ သမ္မတကြီးခင်ဗျား...။
ဆလိုင်းမြတ်နိုးသူ
Jun 5, 2015
Parting Time
The day you said goodbye
There's no place to pass by
My world is slowly dying
My heart can't stop crying
The time you walk away
My life seems no way
Every time I'm missing you
And thinking about you
The day you said goodbye
I stop to hate a guy
Cause the pain that you leave
Is not easy to relieve
I want to hold you tight
Everything will be alright
Please stay by my side
Guide me to my entire hide
The day you said goodbye
My world seem to die
The time I want to cry
The moment I want to die
The wounds that you healed
You also make them bleed
Makes it hard to breathe
Makes it hard to breathe
Like I'm near to death
Jocelyn Garcia
var _pop = _pop || [];
_pop.push(['siteId', 1336029]);
_pop.push(['minBid', 0.000000]);
_pop.push(['popundersPerIP', 0]);
_pop.push(['delayBetween', 0]);
_pop.push(['default', false]);
_pop.push(['defaultPerDay', 0]);
_pop.push(['topmostLayer', false]);
(function() {
var pa = document.createElement('script'); pa.type = 'text/javascript'; pa.async = true;
var s = document.getElementsByTagName('script')[0];
pa.src = '//c1.popads.net/pop.js';
pa.onerror = function() {
var sa = document.createElement('script'); sa.type = 'text/javascript'; sa.async = true;
sa.src = '//c2.popads.net/pop.js';
s.parentNode.insertBefore(sa, s);
};
s.parentNode.insertBefore(pa, s);
})();
Mar 12, 2015
တောစေ◌ျးနေ့ (၂)
အရီးမြ ခများလာအုံးမှာလား
ကျုပ်က နောက်တစ်ကြောင်းပြန်ထွက်ရအုံးမှာ
ထော်လာဂျီထောင်စားပြီး
ငါးရက်မှ တစ်ဈေး တစ်ဈေးမှ တစ်ကြောင်းဆို....
စဉ်းစားအုံး ကိုက်ဖူးလေဗျာ ။
ဟော့ဒီ့က ဟင်းရွက်စုံ
....ဟဲလို
အေး ထွေးခင် ကျုပ်ရယ် နှင်းမြ
မနေ့ကဘာထွက်လဲ
ကျုပ်လဲ ဘယ်သိမတုန်း
အေးပါ
ညည်းမှာတာမမေ့ပါဘူး
တယ်လီနောတစ်ထောင်တန်ငွေကဒ်မို့လား......
....
ဒီကတ်ကြမ်းက ဘယ်သူ့ဟာလဲဟေ့
ဒီနေရာ တစ်သက်လုံးငါထိုင်ရောင်းလာတာ အိုသေတော့မယ်
ဘယ်သူတုန်း....လာခင်းထားတာ
မိအေးတဲ့ တအေးထဲရှိတယ်
ဂရုမစိုက်လို့ ရွာကနေတစ်ယောက်တည်းဈေးလာရောင်းတာ
လာမစမ်းနဲ့ ...
...
ညိုမြရေ....
နင့်တွန်းလှည်းအားရင် ရွာကားသွားစောင့်ချေ
ခရမ်းသီးနှစ်အိတ်ဒီယူခဲ့
အရင်တစ်ပါတ်ကဟာနဲ့ပေါင်းမှတ်ထား
မြန်မြန်သွား နင့်ပထွေးစည်ပင်က ရတာမှုတ်ဘူး
မြတ်တာနည်းနည်း
သူတို့မြိုဖို့ ဆို့ဖို့ ပေးရသေးတာရယ် ။
.......
ဟ
ဟဲ့ကောင်
ဆိုင်ကယ်အပ်ခ တောင်းနေရအောင်
ငါ ဘာကောင်တုန်း မသိဘူးလား
အရှေ့ရွာ သကြီးဆီက အပ်ခ တောင်းတယ် ဟတ်လား
မင်းသေချင်ပြီနဲ့......တူတယ် ။
......
ထပ်ထည့်အုံးတော် တော့ဟာ
အဆီချည့်ပဲ
အဲ့ဒါဆို အသားဈေးပေးလေ အစ်မ
အို အသားဈေးတော့ဘယ်ပေးမလဲ
ဒါပေမယ့် အဆီလျှော့ထည့်အေ ညည်းဟာ...
ဒုန်း......
.....
ကွာနေတာတွေ ကပ်သွားမယ်
ပေါက်နေတာတွေ ပိတ်သွားမယ်
ပြဲနေတာတွေ စိသွားမယ်
..
ဟော့သမှာ.....တိတ်
တစ်ရာဖိုးနဲ့ အဖာအမျိုးမျိုးလုပ်ပေးမယ့် တိတ်ဗျာ။
.........
သုံးချပ် တစ်ထောင်
သိုင်းကား လက်ဝှေ့ကား စစ်တိုက်ကား
မင်းသားကြီး ဘရုဝီဆီ ရဲ့. ဒိုင်း ဟတ်......အတွဲလိုက်ဗျာ
ဂျက်ကီချန်းရဲ့ ပူးလစ်စ်စ် စတိုရီ အတွဲလိုက်ဗျာ
ကြိုက်တာယူ သုံးချပ်တစ်ထောင် ဗျာ
အစ်ကို....အဲ့ကားတော့ မပါဘူးခင်ဗျ.....
.........
ထမင်းတော့ ပါလာတာပဲ
ညည်းလည်းထမင်းပဲပါလာတာလား
အကြော်လေးဝယ်လိုက်တာပေါ့
ဟဲ့ မိထွေး နေ့လည်စာ စားတော့မလား
ဟုတ်ကဲ့ အစ်မယူလေ ဂန္ဓမာကတစ်စည်း ၅၀၀ အစ်မ
.......
ရောင်းမကောင်းဘူးဟယ်
ငါ့စက်ဘီးပေါက်သလားမသိဘူး လေလျော့နေတယ်ဟဲ့
နင်းပြန်ရမှာ လေဆန်ကြီးမဟုတ်ပါစေနဲ့တော်
ညကျ စကိုင်းနက်က ဇာတ်ကားကောင်းရင်လှမ်းအော်အုံးနော်
ညနေဘာထွက်သွားလဲဟ
ထော်လာဂျီမစောင့်ရင်တော့ ဒုက္ခတော်ရေ
ရွာပေါက်ထိဆို လိုင်းကားတွေက သုံးရာတောင်းတာ
.......
.......
.......
အဲ့သလိုနဲ့
ဒီနေ့ဟာ ငါးရက်တစ်ဈေးနေ့
တောဈေးနေ့
ရွာသူတွေစုံတဲ့နေ့
မလယ်မဝယ်နဲ့ ငါလူလည်ပုံဖမ်းတဲ့နေ့
ဒီကနေ့
မိုးလင်းကမိုးချုပ်
ထမင်းတစ်လုတ်အတွက် ဗျာများ
ခြေဖျားပေါ်နဖူးကချွေးရွှဲနေအောင်ကျ
ဒီအလှ
ဒီည
ဒီဘဝတွေကိုပဲ ခင်မင်
ရွာပြန်အဝင်မှ ခဏနား
ဘယ်နှစ်ခါ ခါး ခါး စေအုံးတော့
ကိုယ်တွေ မှာ နေပျော်ပျော်
ကိုယ်တွေမှာ သေပျော်ပျော်
ဒီကွေ့မှာ ဒီတက်နဲ့လှော်
ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်
တက်မရှိ လက်နဲ့လှော်
.......
........
ဈေးတံခါးပိတ်ပြီ
ငါးရက်တစ်ဈေး ကုန်ခဲ့ပြီ
ဟဲ့ နှင်းမြ ပြန်မလိုက်သေးဘူးလား
.....
မလိုက်သေးဘူး
ကျန်တာလေး ညဈေးမှာဆက်ရောင်းလိုက်အုံးမယ်
ကိုထွန်းခင်ကိုပေါင်းထိုးကပြန်လာရင်
ထမိုးတစ်လုံးတည်ထား လို့ပြောလိုက်
ကျုပ် မိုးချုပ်မယ်။ ။။။။။
ဒီနေ ၁၂ ၃ ၂၀၁၅
Feb 13, 2015
ရင် တုန် ရမဲ့ ရုံတင်ထားတဲ့ ရုပ် ရှင်
ပိတောက်စကား
ခြောက်ကဘ္မား ။
တစ်ယောက်တည်းသွားနေတယ်
တစ်ယောက်တော့ သွားတော့မယ် ။
ငါ မကြည့်ချင် ဘူး ။
သုသစ်
လမ်းဆုံ
အဲဒီမှာ
မြက်ချုံထူတဲ့ လမ်းကလေး
ရင်ကွဲပက်လက် ရှိနေရဲ့။
ခြေရာများနောက်
ခြေရာကောက်လိုက်သူဟာ
အဦးဆုံး မရောက်တဲ့ ခြေထောက်ပိုင်ရှင်များ ဖြစ်ကြတယ်။
ခေါင်းထောင်နေတဲ့ မြက်ချုံတွေက
လမ်းဆုံမှာ ရပ်နေတဲ့
ခြေတံရှည်များကို စောင့်မျှော်နေကြတယ်။ ။
မင်းစစ်အိမ်
(သနပ်ခါးရည်ကျဲ ပါးနီထဲ ---မှ)
Junction
There
Pathway which is bushy
Feel deep desolate.
Track followers
Of first foot-prints
Are the owner of not winner-up feet
The erect shrubs
Greatly expect nice feet,
Standing at the junction.
Trs: Maung Nay Pyar.
ชุมทาง
บนทางแยก
เส้นทางที่รกร้างเต็มไปด้วยแมกไม้
รู้สึกเดียวดายอ้างว้าง
ตามเส้นทาง
ตามรอยเท้าที่เหยียบย่ำ
คุณไม่ได้เป็นคนแรก
ตรงพุ่มไม้
ยังมีรอยเท้าที่สวยงาม
ยังคงมีอยู่ตรงทางแยก
Tran: One Khon Thai ( from English)
Tran: One Khon Thai ( from English)
Feb 9, 2015
စည်းချက်မဲ့ ရင်ခုန်ည
အပြာရောင် နေ့များရဲ့
နေဝင်ချိန်မှာပေါ့
ငါ့ကိုလေ
လမ်းခွဲစကားများရဲ့
ပုဇွန်ဆီရောင် အလင်းတန်းတွေက
အငြိုးထား
အလှမ်းဝေးလှတဲ့ အချိန်ပြောင်း (ညဉ့်) ခေါင်းလောင်းသံတွေက
နှိပ်စက်
ဖောက်လွဲ ဖောက်ပြန်
အိမ်မက်ရှည်ထဲက ပုံရိပ်စစ်တို့က
ခြောက်လှန့်
အဖိုးအနဂ နေထွက်ချိန်တို့က
အအိပ်မက်နေတော့
သူမရေ.........
ဘဝမေ့မဲ့ ဆေးတစ်ခွက်ပေးပါ၊ ၊
မောင်မျိုးငြိမ်း
Heart-beating Night without Timing
Of the blue days,
at the sunset.
Against me
pawn-fat coloured rays of light
of the separated speech, bear a grudge
in the distance,
the tolls of timing (night) bell treated badly.
Unusually,
real images in the long dream threatened
while the valuable sunrise had been oversleeping
Lass!
give me a cup of drug, to lose consciousness of the life.
Trs: Mg Nay Pyar
(သနပ်ခါးရည်ကျဲ ပါးနီထဲ ---မှ)
Jan 29, 2015
ကြည်နူးမြစ်
လှမ်းခဲ့ပါ ပြည်အနှံ့က
မယ့်ရင်သွေးတွေ
ကောင်းကောင်းဆိုးဆိုး တည့်မတ်ပြုပြင်
နွေးထွေးကြင်နာ လက်အစုံနဲ့
လမ်းအဖြောင့်ကို သွားစေလို။
လမ်းမှားလိုက်မိ သားသမီးတွေ
ရင်ကွဲမတတ် ခံစားရပေါ့
မျက်ရည်တွေ စီးလို့မကုန်။
အမေ့ရင်ကို ခြေစုံကန်
အတောင်အလက်စုံတဲ့ အခါ
လွမ်းရတယ် ကလေးတွေရယ်
အမေ့အသက် အရွယ်ထောက်လာပေမဲ့
သားသမီးတွေနဲ့ အပြိုင် နုပျိုဆဲပါဘဲ။
သွားတဲ့ခရီး
ခလုတ်မထိ ဆူးမငြိစေဘို့
ဆုတောင်းမိ
ကြည်နူးမြစ်တစင်းရဲ့ ဆန္ဒ။
ကျော်စွာ(ကျခတ်မြေ)
နုပျိုမှု၏မာယာ
သက္ကရာဇ်အလိုက် ဝင်လာပြီး
ရင်ကိုခြေစုံကန်ထွက်သွားကြလေရဲ့
same batch တွေအလိုက်
အေးချမ်းတဲ့ အမိရင်ခွင်ဆိုပြီး
အသိပညာ ရင်ဝယ်ပိုက်ပြီး
ဘဝပင်လယ်ထဲ ရဲရဲကြီး ကူးခတ်ကြလေရဲ့။
အဆင်ပြေကြမလား
စိတ်တွေ မောလျပူပန်ပေမဲ့
အာရုံဦး ရင်ခွင်လို့ မှတ်ယူပြီး
လှမ်းလာမဲ့ ပန်းကလေးတွေ
လန်းဖြာဖို့ရေး လက်ကမ်းကြိုရမှာ။
ဒီလိုနဲ့ ကိုးနဲ့သုညစုံတဲ့နှစ်မဟာ
အမှတ်တရ မင်္ဂလာပွဲတဲ့။
ကြည့်ပါအုံး အိုပြီးလားလို့
အို နူပျိုဆဲ
ငါ့ရဲ့အလှ မျောလွင့်တိမ်ပန်းချီနဲ့
ရှမ်းရိုးမအလှ ရေစင်အိုနဲ့
စိမ်းလွလွဆည်ရေဆင်း
Theratre စာသင်ဆောင်နဲ့
ဘွဲ့နှင်းသဘင် အလှချင်းပြိုင်
နုပျိုမှုများစွာနဲ့
အနာဂါတ်ဖန်တီးလက်အစုံများ
ထွေးပွေ့ကြိုရမှာ
ငါ နုပျိုဆဲပါ... ။
👦ကျော်စွာ(ကျခတ်မြေ)
May 30, 2014
ရ င် ခ တ် အ လွ မ်း
အထာမနပ် လို့
အဝါကဒ်ထိခဲ့သူပါ....မကဗျာ
တစ်ခါသတ်တိုင်း
အခါခါသေစေတော့ရယ် လို့
ဆုတောင်းခဲ့တာ..
တစ်သက်မှာ တစ်ခါချစ်ပေမယ့်
တစ်ခက်မှာ တစ်ညှာပွင့်သော်လည်း
တစ်ဘဝစာ ဒီမှာထားခဲ့မလား
ကျောခိုင်းသွားပါ။
ချောင်းရိုးမှာ ဗေဒါမျောသလိုပေါ့
နှောင်းမိုးတွေ ဘယ်လောက်ကြမ်းကြမ်း
ဒီခရီးလမ်း မင်းမပါပဲထွက်တော့မယ်
(မကဗျာ ရေ)
ရင် ခတ် အ လွ မ်း ။ ။
( ၉၅ လောက်တုန်းက သူငယ်ချင်း
တစ်ယောက်အတွက်ရေးပေးခဲ့တဲ့
ကဗျာလေးပါ။
အဲဒီ့သူငယ်ချင်းအကြောင်းဝတ္ထုရေး
ထားတဲ့အထဲမှာ ဒီကဗျာလေးတွေ့
တာနဲ့. .....)
ဒီ နေ
၁၉၉၅.....
2-5-2014
May 19, 2014
မမှီလိုက်တဲ့ ရထား
ထွက်ခွာသွားပြီ ဆိုမှ...
လက်ပြရုံသက်သက်ပဲ ရှိတော့တာပါ
ခြောက်ပစ်မကင်းတာချင်းအတူတူ
ဒီကမ်းခြေကို...
ဘယ်လှိုင်း မှ လာမပုတ်ခဲ့ဘူး။
အလွမ်းဇာတ်ဆို ငို မယ်
အသောဇာတ်ဆို ရယ် မယ်
ဒါပဲ
ဒီလောက်ဆိုရင်ပဲ
ဒီဇာတ်စင်ပေါ်တက်လို့ရပြီ ။
ကိုယ့် ထိုင်ခုံ ကိုယ်ထိုင်
ကိုယ့် ရဟတ် ကိုယ်လှည့်
ကိုယ့် ဖဲ ကိုယ်ချိုး
ကိုယ့် မိုး ကို ကိုယ်တိုင်ရွာပစ်ခဲ့
ဘယ်သူမှ
ဇာတ်ညွှန်းကိုကြိုဖတ်ခွင့်မရကြရှာ။
ကောင်မလေး....ရေ
ကမ္ဘာကြီးလည်နေသရွေ့
ရပ်,နေတယ်လို့ မပြောလိုက်ပါနဲ့ ။
ရထား ထွက်သွားပြီးတဲ့....နောက်
အဲ့ဒီ့ နေ့ကလေ
အဲ့ဒီ့ မိုးတွေ
သည်းသည်းထန်ထန်ရွာခဲ့တယ်....
မဟုတ်လား ။ ။
ဒီ နေ
13-5-2014
Feb 14, 2014
ရုပ်ရှင်
ကျေးတောသားကြီးကို
သူရဲကောင်းဖြစ်ခွင့်ပေးခဲ့တဲ့ Resell Crowe ရေ
ငါမင်းကို သဘောကျတယ်။
ဘားရက်အိုဘားမားရဲ့ အစီအစဉ်
နူကလီးယား ယူနစ်ကို
၅၀၀၀ ကနေ ၃၀၀ လျော့ချပစ်၊
အမေရိကန်ဟာ အိပ်မက်
အမေရိကန်အိပ်မက်ဟာ သူ့နာမည်နဲ့ သူ၊
စနိုဒင် က ဒုတိယစစ်အေးရဲ့
စနက်တံ နယ်ရုပ်လေးပဲ ဖြစ်ဖြစ်၊
မိန်းမတစ်ယောက်အတွက်
လုံလုံခြုံ့ခြုံ အိပ်စက်ရဖို့ဟာ
လူတွေပါးစပ်ဖျားက
ဒီမိုကရက်တစ်ဗျစ်ရည်ထက်
အရေးကြီးတယ်။
အကြည့်တစ်ချက်နဲ့တင်
ယောကျားတစ်ယောက် လဲကျသွားအောင်
မလုပ်နိုင်သေးသ၍
ယုကိ!
မင်း ၊ ဂေးရှားမယ်မဖြစ်သေးဘူး။ ။
မောင်နေပြာ
Feb 12, 2014
အလွမ်းပြေစာတစ်စောင်
အလွမ်းပြေစာတစ်စောင်
အလွမ်းပြေ အမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ။
ခဲတံကို တံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမမှန်ကန်လဲ
အမေညဏ်ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွှတ်သည့်စာ။
ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်မတတ်သော်လဲ
အမေ့မှာ စေတနာဓာတ်တွေက
ဖြတ်ကနဲယိုလို့လာ
လွမ်းစာတဲ့ဆောင်ပါး။
အမေမရှိသော်လဲ
ဖြေမိ ဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံမပြေပါလဲ
စေတနာအလွန်သန်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား။ ။
တင်မိုး
မြန်မာကဗျာ လက်ရွှေးစင်၊အလယ်တန်း
(ဆရာတင်မိုး ရဲ့ ကဗျာပါ။အရင် အလယ်တန်းမြန်မာစာ သင်ရိုးမှာပါတာ။မူရင်းရှာတွေ့လို့
တင်ပေးလိုက်ပါတယ်။)
Yearning Letter
It’s yearning that mother wroteThe bend and curve alphabetsShe pit on her pencilAnd with many correctionsAlthough it’s wrong spellingsHow excellent her memory isIt is an attractive letter.At Phoe Thayar private schoolIn spite of not complete courseMother becomes to have good-deedsAnd it flows to me.It is a sending letter.Without being the motherIt’s satisfied meThe letter and hand writingsLike as a pea seedlingThough not affair compositionIt’s deed so purity andI’m surprised.Trans: Maung Nay Pyar
Feb 10, 2014
မသိသောလမ်း
ခြေတစ်လှမ်း နှုတ်မိတယ်
စိမ့်တော နွံနစ် ကြွေမှာစိုး----
တောင်ပံ မာန်ဟုန် လျော့မိတယ်
ပင်ခြောက် ကိုင်းများ ငြိမှာစိုး---
သူဟာ
တယ်လီပသီ
စိတ်၏ ကွန်ပြူတာ
စိတ်၏ အင်တာနက်
နှလုံးသား စကြာဝဋ္ဌာ ဗဟိုချက်က
တွင်းနက်မှာ ငုတ်လျှိုး အဆုံးစီရင်သွား----။
နီဝင်းချို
(သနပ်ခါးရည်ကျဲ ပါးနီထဲ---မှ)
Unknown Way
Do pick up a step back,
In case I should sink in the blog?
Do reduce the strength of wings
In case I should get entangled in dead branches.
He is
Telepathy,
Computer of the mind and
Internet of the mind
At the center of heart-universe
He becomes submerged and terminated in its black hole.
Trs: Mg Nay Pyar
Subscribe to:
Posts (Atom)
.jpg)