Jun 30, 2013

တောဈေးနေ့

ခနော်ခနဲ့
ဈေးတံခါးလေးဖွင့်လိုက်တယ်
ဆိုရင်ပဲ....
................
ဟဲ့ အဲ့နေရာက
ငါ ဦးထားတာနော်....
လမ်းပေါ်ကို
ဗန်းကြီး မခင်းနဲ့ဟ....
လှည်းဝင်လာပြီ ဘေးဖယ်...
အစ်မ. ရေ
ဘုရားပန်းတွေလတ်တယ်နော်...
ည. က. ပြေတီဦးကားအေ
ငိုလိုက်ရတာ ဆိုတာကို....
ဈေးကောက်ဆိုတာနဲ့
ခင်ဗျားတို့ က
အစုတ်တွေပဲ ဖြဲရဲ ရှာနေ....
ဟဲ့ ခွေး....အော်...
စေတနာရှိလို့ ပေးတာ
တစ်ထောင်ဖိုး သုံးထည်...
ဒီမနက် ဘာကောင်းလဲဟေ့....
ဟော့ သလိုရိုက်တောင်
မကွဲတဲ့ ခွက်တွေ....
အကြွေမရှိဘူး အစ်မ
ငါးဆယ်ဖိုးတစ်ခုယူဦး....
မိုက်လို့. ရွာကနေတစ်ယောက်တည်း
ဈေးလာရောင်းတာကွ....
ဖိုးသောကြာလေးဟယ်
ချစ်စရာလေးပါဆို.....
အချင်းချင်းတွေကိုအစ်မရယ်
အလေးခိုးစရာလား....
ညည်းနေ့ပြန်တိုးက
လ,ပြန်တိုးဖြစ်နေပြီ....
ပင်မှည့်တွေပါနော်
ဆေးတို့ထားတာမဟုတ်ဘူး....
ဘာကြားခဲ့လဲ....
အံမယ်လေး အတုတွေပါအေ....
ရွန်းနီ ရှူးသွားတာ
အတော်လှတယ် ဆရာ....
........
လတ်လတ်ဆတ်ဆတ်တွေနော်..
.................
.................
.................
ဈေးတံခါးပိတ်လိုက်တယ်
ချွေးစက်တွေကျန်နေတုန်း။ ။

                               ဒီနေ

အချစ်ဆိုတာ


အချစ် နင့်အပြင် ငါရှိ
နင် သိချင် သိချင်မယ်
ငါ တကယ်ချစ်တာ
ငါကိုယ် ငါပါပဲ။
ဘာပဲ ညာပဲ ချွဲခဲ့ဖူးတယ်။
အချစ်ဦး အချစ်ရူး ပြောခဲ့ဖူးတယ်။
နောက်ဆုံးတော့
အကြောင်း မညီလို့ လမ်းခွဲ
ဝမ်းမနည်းမိတဲ့ အပြင်
ပီပီပြင်ပြင် ပိုသိမိတယ်။
ငါတကယ်ချစ်တာ
ငါကိုယ်ငါပါပဲကွယ်။


စူး

ညီမလေးသို့ . . . .

Alexandra Bounxoueil
သစ်သီးချိုချိုတစ်လုံး
ရင်မွေ့ပန်းတစ်ခက်
ဂျင်နှစ်ပက်နဲ့
ဆောင်းညတွေရဲ့ ထွက်သက်ကို
ပြန်ပြီးအသက်သွင်းချင်တယ် ။

တပြိုင်တည်း ကြွေကျတဲ့ ရိုးသားခြင်းတွေဟာ
လေဟာနယ်မှာ ပျောက်ဆုံး
မင်းမျက်လုံး ငါ့မျက်လုံးတွေ
ပြန်တော့ ဆုံချင်ပါသေးရဲ့ ။

ဆန္ဒတစ်ခုပေါ်တစ်ခု လဲကျ
အဲဒီလို ဖရိုဖရဲ ညတွေအကြောင်း
မစဉ်စားဖြစ်ဖူးလား ညီမလေး ....။

မင်းဆံစ နဲ့ ပါးပြင်မှာ
ဘဝင်မကျတာ ရှိခဲ့ရင်
“တစ်သက်လုံး” ဆိုတဲ့ အတိုင်းအတာနဲ့
မုန်းလိုက်ပါ။

ငါဟာ
သဝေထိုး ညနေခင်းတွေနဲ့
အချိုဓာတ်သဲ့သဲ့ သစ်သီးကိုစား
နှင်းတစို့စို့ မြက်ခင်းတွေကြားက
အညတရ နှလုံးသားနဲ့ပါ  ။   ။

တိမ်မင်းလွင် (မုံရွာ)

“သက်ကယ်ကျူရိုးတို့ရဲ့ လေတိုးသံ” ကဗျာ စာအုပ်မှ

ဘဝတံခါး


သွားတိုက်ဆေး. . .နဲ့. . .
မနက်ခင်းကို. . .ကြို . . .
မျက်ရည်ငိုတဲ့. . .နေ့များစွာ. . .

ခါးခါးသက်သက်
ကိုးဆယ့်ကိုး. . .ဇယားတွေထဲ
အားခဲ. . .ရှင်သန်. . .
လက်ကျန်မဲ့တဲ့. . .နေ့များစွာ. . .

အဘိဓာန်. . .လှန်လှန်ရှာ. . .
ငါ. . .
ဘာကောင်. . .ပါလဲ. . .

(ဆိုတော့)
ဒါက်ရာတွေကို. . .ပတ်တီးအုပ်. . .
ခေါင်းငုံ့ပြီးတော့. . .ဝင်လိုက်တယ်. . .။

                            ဒီနေ



Jun 29, 2013

အညတရသူမ

ဆရာဇော်ဂျီရဲ. ဗေဒါလမ်း
ဆရာမောင်ချောနွယ်ရဲ. ကိုက်လမ်း
မာဂရက်သက်ချာရဲ. ဒေါင်းနင်းလမ်းနှစ်တွေ...
သူမ နကန်းတစ်လုံးမျှ မသိ
၃၃-လမ်း
၃၄-လမ်း
၃၈-လမ်း
၃၉-လမ်း ...........
--------
လမ်းတွေလို သူမအကြောင်း
တခုတ်တရ ရေးမယ့်သူလည်း မရှိ
သူမဟာ အညာမြို.လေးတစ်မြို.က အညတရဈေးလမ်းလေး...
အညတရဈေးလမ်းလေးဟာ
ကျေးငှက်တွေထက် စောစောနိုးတတ်တယ်
သူမပတ်ဝန်းကျင်မှာ စုတ်တံနဲ. ခပ်ကြမ်းကြမ်းခြစ်ထားသလို
ကုန်စုံဆိုင်တချို. လ္ဘက်ရည်ဆိုင်တချို.နဲ. ထမင်းဆိုင်တချို.
 မိုးတိုးမတ်တပ် ကျိုးတိုးကျဲတဲ...
ဘေးတစ်ဖက်တစ်ချက်စီမှာတော့ မိုးသောက်တာနဲ.
ပျံကျဈေးဆိုင်ကလေးတွေ ၀မ်းစာတိုက်ပွဲဆင်နွှဲဖို.
အလျှိုအလျှို ၀န်းရံနေရာယူထားပြီး ဖြစ်နေတတ်တယ်
သူမဟာဖော်ရွေတတ်သူတစ်ယောက်ဖြစ်တော့
တစ်ရက်စာမျှော်လင့်ချက်တွေရွက်လာတဲ့ တောသူတွေ
အမောတွေထမ်းလာတဲ့ ကျောမွဲမွဲတွေ
ဝမ်းစာကို မနိုင်မနင်း တင်နင်းလာတဲ့ ဆိုက်ကားဆရာတွေ
လက်တွန်းလှည်းကို ချွေးပြိုက်ပြိုက်ကျအောင်တွန်းပြီး
ဘ၀ပါဖောမင့်ပြတတ်တဲ့ တွန်းလှည်းဆရာတွေနဲ.
မိတ်ဆွေရင်းချာတွေ ဖြစ်နေတယ်
တောကြိုက်သီချင်းတွေ ကျယ်ကျယ်လောင်လောင်ဖွင့်ပြလေ့ရှိတဲ့
လက်တွန်းလှည်းနဲ. ထီသည်ဦးလေးကြီး
ပေါက်ကွဲသံစဉ်တွေ စက်ဘီးပေါ် ခေါ်တင်လာလေ့ရှိတဲ့
နို.အေးချောင်းသည် ကောင်ကလေးရယ်၊ နောက်...
ဘာအရေးကြီးလို. အရေးကြီးမှန်းမသိ
လူရှုပ်ရှုပ်ထဲ ဆိုင်ကယ်ကမူးရှူးထိုးစီးတတ်သူတွေနဲ.လည်း
သူမ အကျွမ်းတ၀င်ဖြစ်နေတတ်တယ်
သူမဟာ စာနာစိတ် အပြည့်ရှိသူတစ်ဦးဖြစ်တယ်
နေ့စဉ်မရိုးနိုင်တဲ့မြင်ကွင်းတွေဖြစ်တဲ့
အရောင်ပြယ်လွင့်နေတဲ့ ယိုင်နဲ.နဲ.ထီးတွေအောက်က
ပျံကျဈေးသည်တွေရဲ. ယိုင်နဲ.နဲ.အခြေအနေကို သူမ စာနာတယ်
ပျာလောင်ခတ်နေတဲ့ ဈေးဝယ်သူတွေရဲ့
ပျာလောင်ခတ်နေတဲ့ဘ၀တွေကို သူမ စာနာတယ်
ဈေးပေါင်ကျိုးချိန် နေ့ပြန်တိုးပြန်ဆပ်နိုင်မလား တွေးပူနေသူတွေ
ဝယ်သူကိုမျှော်ရင်း ညှိုးညှိုးလာတဲ့ တောပန်းကလေးတွေကို
သူမ ကိုယ်ချင်းစာတယ်
ဒါပေမယ့် ... သူမ...သူမ...
လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်တယ်
သူမကိုယ်တိုင်တောင် ဒဏ်ရာတွေ ပရပွနဲ.မဟုတ်လား။ ။

ဆေးခါး

20.2.2011 ( TDGI)

Jun 21, 2013

ကွေ့ချောင်းခံတပ်

ရှုမငြီးတဲ့ ဧရာဝတီမြစ်ပြင်ကျယ်ကို
အပေါ်စီးကနေ မမှိတ်မသုန်ငေးစိုက်ကြည့်ရင်း
တစ်ချိန်က သင့်ရဲ့မျက်လုံးတွေ
မီးဝင်းဝင်းတောက်နေခဲ့မှာပေါ့
အံကြိတ်ရလွန်းလို့ သင့်ရဲ့မေးကြောတွေလည်း
မြစ်ကမ်းပါးယံနဲ့အတူ ခုံးထနေခဲ့လိမ့်မယ်
သင့်ရဲ့အသက်ရှုသံပြင်းပြင်းကြောင့်
ဧရာဝတီမြစ်ပြင်လည်း ထိန်လန့်တုန်လှုပ်နေခဲ့လိမ့်မယ်
ကိုယ်မြေ ကိုယ်ရေ ကိုယ်ဘိုးဘေးစဉ်ဆက်
အသက်သွေးချွေးတွေနဲ့ တည်ဆောက်ခဲ့တဲ့နိုင်ငံတော်ကို
ကျုးကျော်ထိပါးလာသူတွေလက်က ကာကွယ်ဖို့
သင့်ရဲ့သွေးတွေလည်း ကျိုက်ကျိုက်ဆူနေခဲ့မှာပါ
ကျုးကျော်စော်ကားသူတွေကို သရဲစီးသလို
ဂုတ်ချိုးဝါးမြိုစားသောက်ပစ်ဖို့ တစ္ဆေတစ်ကောင်လို
သင် ကိုယ်ဖျောက်နေနိုင်ခဲ့တယ်
နယ်ချဲ့မိစ္ဆာတွေကို ဧရာဝတီအချမ်းပေးဖို့
သင် အသင့်ဖြစ်ခဲ့တယ်
နေမဝင်အင်ပါယာက နယ်ချဲ့ပရင်ဒါဂတ်ရဲ့
ထောင်လွှားမောက်မာသွေးဆူနေတဲ့ ရေတပ်မတော်ကို
တစ်စစီဖြစ်အောင် သင်ဦးချိုးပြခဲ့တယ်
သင့်ရဲ့ခန္ဓာကိုယ်ကို မိစ္ဆာနယ်ချဲ့တွေရဲ့
သွေးညှီနံတွေနဲ့ လိမ်ကျံပစ်ခဲ့တယ်
သမိုင်းမှာ သင့်ရဲ့နောင်တော်
မင်းလှခံတပ်လောက် မထင်ရှားပေမယ့်
မြန်မာ့သတ္တိ စွေးစွေးနီကြောင်း
မြန်မာ့သေနင်္ဂဗျူဟာ အဆင့်မြင့်ကြောင်း
ကမ္ဘာ သိအောင် သင်ပြသခဲ့တယ်
သမိုင်းပေးတာဝန်ကို ငုံ့မခံတတ်တဲ့ ဇာတိမာန်နဲ့ထမ်းခဲ့
သင့်ရဲ့အမည်နာမကို ကျိုက်ကျိုက်ဆူတဲ့သွေးနဲ့ ရေးထွင်းပြခဲ့တယ်
ခုတော့ ….ဘယ်လိုအလွမ်းတွေနဲ့များ
တိတ်ဆိတ်ခြောက်ကပ် မည်းမှောင်နေတဲ့ ကမ်းပါးယံပေါက်တွေကနေ
ဧရာဝတီကို
သင်တစ်ယောက်တည်း ချောင်းကြည့်နေရတာလဲ။

ဆေးခါး
အမှတ်(၁၃) မေ ၂၀၁၃ ၊ရယ်စရာမဂ္ဂဇင်း

Jun 19, 2013

မိခင်သင်ကြားသော မေတ္တာတရား

ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက
“အမေ”လို့ အားရပါးရ အော်ပြီး
အမေ့ကို ပြေးပြေးဖက်ခဲ့ဖူးတယ်
အဲဒီလို အချိန်တိုင်းမှာ
နွေးထွေးလုံခြုံမှုတွေ ခံစားခဲ့ရတယ်
အတောင်အလက်စုံလို့ သိုက်မြုံကိုစွန့်ခွာပျံသန်း
ဘဝလမ်းကြမ်းကို ဖြတ်သန်းချိန်တွေမှာလည်း
အမေ့ကို သတိတရနဲ့
“အမေ”ဆိုတဲ့ အက ္ခရာစာလုံးလေးတွေကို
စိတ်ထဲကနေ တဖွဖွရွတ်ကြည့်တော့
နွေးထွေးမှုတွေ တစိမ့်စိမ့်
ရင်ထဲတိုးဝင်လာသလို ခံစားရတယ်
နှုတ်ဖျားကနေ အသံထွက်ရွတ်ရုံ
တစ်လုံးချင်း. . . .
ဖြည်းဖြည်းချင်း ရွတ်ကြည့်တော့လည်း
နွေးထွေးမှုအရသာကို တငြိမ့်ငြိမ့်ခံစားရမြဲ
မေတ္တာတရား ဆိုတာ ဘာလဲ . . .?????
ခံစားလို့ရသလောက် အဓိပ ္ပာယ်ဖွင့်ကြည်မိတယ်
မေတ္တာတရား ဆိုတာ အဲဒီလို
နွေးထွေးကြင်နာမှု ပေးနိုင်တဲ့ အရာပဲဖြစ်လိမ့်မယ်။

ဆေးခါး
16-12-2012 (MDY)
142 Idea April 2013