Jun 30, 2013

အချစ်ဆိုတာ



အချစ် နင့်အပြင် ငါရှိ
နင် သိချင် သိချင်မယ်
ငါ တကယ်ချစ်တာ
ငါကိုယ် ငါပါပဲ။
ဘာပဲ ညာပဲ ချွဲခဲ့ဖူးတယ်။
အချစ်ဦး အချစ်ရူး ပြောခဲ့ဖူးတယ်။
နောက်ဆုံးတော့
အကြောင်း မညီလို့ လမ်းခွဲ
ဝမ်းမနည်းမိတဲ့ အပြင်
ပီပီပြင်ပြင် ပိုသိမိတယ်။
ငါတကယ်ချစ်တာ
ငါကိုယ်ငါပါပဲကွယ်။


  • စူး