Jun 21, 2013

ကွေ့ချောင်းခံတပ်


ရှုမငြီးတဲ့ ဧရာဝတီမြစ်ပြင်ကျယ်ကို
အပေါ်စီးကနေ မမှိတ်မသုန်ငေးစိုက်ကြည့်ရင်း
တစ်ချိန်က သင့်ရဲ့မျက်လုံးတွေ
မီးဝင်းဝင်းတောက်နေခဲ့မှာပေါ့
အံကြိတ်ရလွန်းလို့ သင့်ရဲ့မေးကြောတွေလည်း
မြစ်ကမ်းပါးယံနဲ့အတူ ခုံးထနေခဲ့လိမ့်မယ်
သင့်ရဲ့အသက်ရှုသံပြင်းပြင်းကြောင့်
ဧရာဝတီမြစ်ပြင်လည်း ထိန်လန့်တုန်လှုပ်နေခဲ့လိမ့်မယ်
ကိုယ်မြေ ကိုယ်ရေ ကိုယ်ဘိုးဘေးစဉ်ဆက်
အသက်သွေးချွေးတွေနဲ့ တည်ဆောက်ခဲ့တဲ့နိုင်ငံတော်ကို
ကျုးကျော်ထိပါးလာသူတွေလက်က ကာကွယ်ဖို့
သင့်ရဲ့သွေးတွေလည်း ကျိုက်ကျိုက်ဆူနေခဲ့မှာပါ
ကျုးကျော်စော်ကားသူတွေကို သရဲစီးသလို
ဂုတ်ချိုးဝါးမြိုစားသောက်ပစ်ဖို့ တစေတစ်ကောင်လို
သင် ကိုယ်ဖျောက်နေနိုင်ခဲ့တယ်
နယ်ချဲ့မိစာတွေကို ဧရာဝတီအချမ်းပေးဖို့
သင် အသင့်ဖြစ်ခဲ့တယ်
နေမဝင်အင်ပါယာက နယ်ချဲ့ပရင်ဒါဂတ်ရဲ့
ထောင်လွှားမောက်မာသွေးဆူနေတဲ့ ရေတပ်မတော်ကို
တစ်စစီဖြစ်အောင် သင်ဦးချိုးပြခဲ့တယ်
သင့်ရဲ့ခနာကိုယ်ကို မိစာနယ်ချဲ့တွေရဲ့
သွေးညှီနံတွေနဲ့ လိမ်ကျံပစ်ခဲ့တယ်
သမိုင်းမှာ သင့်ရဲ့နောင်တော်
မင်းလှခံတပ်လောက် မထင်ရှားပေမယ့်
မြန်မာ့သတ စွေးစွေးနီကြောင်း
မြန်မာ့သေနင်္ဂဗျူဟာ အဆင့်မြင့်ကြောင်း
ကမာ သိအောင် သင်ပြသခဲ့တယ်
သမိုင်းပေးတာဝန်ကို ငုံ့မခံတတ်တဲ့ ဇာတိမာန်နဲ့ထမ်းခဲ့
သင့်ရဲ့အမည်နာမကို ကျိုက်ကျိုက်ဆူတဲ့သွေးနဲ့ ရေးထွင်းပြခဲ့တယ်
ခုတော့ ….ဘယ်လိုအလွမ်းတွေနဲ့များ
တိတ်ဆိတ်ခြောက်ကပ် မည်းမှောင်နေတဲ့ ကမ်းပါးယံပေါက်တွေကနေ
ဧရာဝတီကို
သင်တစ်ယောက်တည်း ချောင်းကြည့်နေရတာလဲ။

ဆေးခါး
အမှတ်(၁၃) မေ ၂၀၁၃ ရယ်စရာ