ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက
“အမေ”လို့ အားရပါးရ အော်ပြီး
အမေ့ကို ပြေးပြေးဖက်ခဲ့ဖူးတယ်
အဲဒီလို အချိန်တိုင်းမှာ
နွေးထွေးလုံခြုံမှုတွေ ခံစားခဲ့ရတယ်
အတောင်အလက်စုံလို့ သိုက်မြုံကိုစွန့်ခွာပျံသန်း
ဘဝလမ်းကြမ်းကို ဖြတ်သန်းချိန်တွေမှာလည်း
အမေ့ကို သတိတရနဲ့
“အမေ”ဆိုတဲ့ အက ္ခရာစာလုံးလေးတွေကို
စိတ်ထဲကနေ တဖွဖွရွတ်ကြည့်တော့
နွေးထွေးမှုတွေ တစိမ့်စိမ့်
ရင်ထဲတိုးဝင်လာသလို ခံစားရတယ်
နှုတ်ဖျားကနေ အသံထွက်ရွတ်ရုံ
တစ်လုံးချင်း. . . .
ဖြည်းဖြည်းချင်း ရွတ်ကြည့်တော့လည်း
နွေးထွေးမှုအရသာကို တငြိမ့်ငြိမ့်ခံစားရမြဲ
မေတ္တာတရား ဆိုတာ ဘာလဲ . . .?????
ခံစားလို့ရသလောက် အဓိပ ္ပာယ်ဖွင့်ကြည်မိတယ်
မေတ္တာတရား ဆိုတာ အဲဒီလို
နွေးထွေးကြင်နာမှု ပေးနိုင်တဲ့ အရာပဲဖြစ်လိမ့်မယ်။
ဆေးခါး
16-12-2012 (MDY)
142 Idea April 2013