Jan 30, 2019

Apr 17, 2018

ဆုတောင်း/ဆုေတာင္း

ဒီပွဲမှာ ပေးလိုက်ရတဲ့ အသက်က
တကယ်တန်ရဲ့လား မေးကြည့်ချင်တယ်
ကိုယ်ချင်းစာတရားဆိုတာ
ပြတိုက်ထဲ လှလှပပ နေရာယူထားတဲ့
သမိုင်းဝင် ပစ္စည်းတစ်ခုလား
မခံချင်စိတ်နဲ့ ဝေ့တက်လာတဲ့ မျက်ရည်
မသုတ်ပါရစေနဲ့တော့
နာကျင်ခံခက်စွာ သွေးတွေဗလောင်ဆူတယ်
ဆုတောင်းပါတယ်
နောက်တစ်ခါ အလှည့်ကျတဲ့
ကံဆိုးသူ မျက်နှာမွဲလေးတွေ ထပ်မရှိပါစေနဲ့တော့
ဆုတောင်းပါတယ်
လုပ်ကြံအမြတ်ထုတ်တဲ့ စိတ်ဓာတ်တွေနဲ့
ဘယ်ဘဝမှာမှ ပြန်မဆုံဖို့
ဆုတောင်းပါတယ်
မသိချင်ယောင်ဆောင်မယ့်
စာနာမဲ့ လူတစ်စုနဲ့ဝေးဖို့
အပယ်ခံလူသားတို့ ငြိမ်းချမ်းဖို့
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဘဝအဆက်ဆက်------။ ။

ယောလုံမေ

Zawgyi:

ဒီပြဲမွာ ေပးလိုက္ရတဲ့ အသက္က
တကယ္တန္ရဲ႕လား ေမးၾကည့္ခ်င္တယ္
ကိုယ္ခ်င္းစာတရားဆိုတာ
ျပတိုက္ထဲ လွလွပပ ေနရာယူထားတဲ့
သမိုင္းဝင္ ပစၥည္းတစ္ခုလား
မခံခ်င္စိတ္နဲ႔ ေဝ့တက္လာတဲ့ မ်က္ရည္
မသုတ္ပါရေစနဲ႔ေတာ့
နာက်င္ခံခက္စြာ ေသြးေတြဗေလာင္ဆူတယ္
ဆုေတာင္းပါတယ္
ေနာက္တစ္ခါ အလွည့္က်တဲ့
ကံဆိုးသူ မ်က္ႏွာမြဲေလးေတြ ထပ္မရွိပါေစနဲ႔ေတာ့
ဆုေတာင္းပါတယ္
လုပ္ႀကံအျမတ္ထုတ္တဲ့ စိတ္ဓာတ္ေတြနဲ႔
ဘယ္ဘဝမွာမွ ျပန္မဆံုဖို႔
ဆုေတာင္းပါတယ္
မသိခ်င္ေယာင္ေဆာင္မယ့္
စာနာမဲ့ လူတစ္စုနဲ႔ေဝးဖို႔
အပယ္ခံလူသားတို႔ ၿငိမ္းခ်မ္းဖို႔
ဆုေတာင္းပါတယ္
ဆုေတာင္းပါတယ္
ဆုေတာင္းပါတယ္
ဘဝအဆက္ဆက္------။ ။

ေယာလံုေမ

Aug 25, 2016

မိုး/မိုး

မှောင်နေစဉ်မရွာ
ရွာနေစဉ်လင်း
အသင်မည်သူနည်း
ငါသည်မည်သူမှမဟုတ်။

မင်းသူအောင်
22.8.16

Zawgyi:
ေမွာင္ေနစဥ္မရြာ
ရြာေနစဥ္လင္း
အသင္မည္သူနည္း
ငါသည္မည္သူမွမဟုတ္။

မင္းသူေအာင္
22.8.16

Jun 30, 2016

အွန်လိုင်းမှာ အလုပ်အကိုင် ရှာဖွေရေး/အြန္လိုင္းမွာ အလုပ္အကိုင္ ရွာေဖြေရး



            ကျွန်တော်မှာ ညီငယ်တစ်ယောက် ရှိသည်။ သူက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေခဲ့တာ ၆ နှစ်လောက် ရှိပြီ။ သူ့ကို ကျွန်တော် က သူ့မိသားစု နဲ့အတူ နေထိုင်ရန်၊ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ဖေဖေ နဲ့ အတူ နေထိုင်စောင့်ရှောက်ရန် မြန်မာပြည်ပြန် အလုပ်လုပ်ဖို့ အမြဲတိုက်တွန်းဖြစ်သည်။ ဖေဖေ ရဲ့ သဘောထား ဆနလည်းပါပါသည်။ ဒါပေမဲ့ သူ အမြဲပြောတာ က မြန်မာပြည်မှာ အလုပ်အကိုင် ရှားသည်တဲ့။ သူဘယ်လိုမှ မြန်မာပြည်မှာ အလုပ်ရှာလို့မရပါတဲ့။ ကျွန်တော်ကတော့ အားပေးမြဲ အားပေးသည်။ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း မိမိအရည်အချင်းအလိုက် သင့်တော်သော အလုပ်အကိုင်များ ရှိသင့်သလောက် ရှိပါသည်။ မင်း ရက်အနည်းငယ် လအနည်းငယ် ကြိုးသားရှာဖွေ ကြည့်က ဖြစ်နိုင်ပါတယ် လို့ ခဏခဏ သတိပေးသည်။ သို့ပေမဲ့ သူ ရှာမရခဲ့။ ပြီးခဲ့တဲ့ နှစ် ၂၀၁၅ သကြန် က သူပြန်ရောက်လာရင်း ၄ လ ခန့် မြန်မာပြည်မှာ နေသွားသည်။ နောက် အလုပ်မရဟု ဆိုကာ ထိုင်းနိုင်ငံသို့ပင် ပြန်ကာ အလုပ်လုပ်နေခဲ့သည်။

            လွန်ခဲ့သော ၁၀ နှစ်ခန့်က ညီငယ်သည် သချာၤဘွဲ့ကို အဝေးသင်တက်ရောက်ကာ ယူခဲ့သည်။ နောက် အစိုးရ နည်းပညာကောလိပ် (GTC) တက်ရောက်ခဲ့ပြီး အကြောင်းကြာင့် ပြီးဆုံးအောင် မတက်နိုင်ဘဲ လုပ်ငန်းခွင်ထဲရောက်သွားသည်။ သူ့ဘဝရဲ့ ပထမဆုံး လုပ်ငန်းအတွေ့အကြုံ က လှိုင်သာသာမှာ ရှိတဲ့ စက်မှုလုပ်ငန်းတစ်ခုမှာ အလုပ်သမား နောက် အလုပ်သမားခေါင်းဆောင် နှင့် ဂိုထောင် တာဝန်ခံ။ လှိုင်သာယာကပြီးတော့ သူ ထိုင်းနိုင်ငံ နယ်စပ်ရောက်သွားသည်။ အဲဒီမှာ ဈေးဆိုင်အလုပ်သမား ၊ ပစည်းအတင်အချ ၊ ပစည်း အဝင်အထွက် စာရင်းကိုင် စသည် စသည်ဖြင့် တော်တော်  ကျင်လည်ခဲ့ရ သည်။  နောက်ဆုံးတော့ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း မြန်မာအများစုနေရာ နေထိုင်ရာ ထိုင်းနိုင်ငံ မဟာချိုင်ဘက်ကို ရောက်သွားသည်။ ထိုင်းနိုင်ငံမှာ လည်း အလုပ်အကိုင် ၄ ခု ၅ ခု လောက် ပြောင်းရင် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ရသည်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အနိမ့်ဆုံးတစ်နေ့လုပ်အားခသည် ထိုင်ဘတ် ၃၀၀ ( 300 THB) မြန်မာငွေ ကျပ် (၁၀၀၀၀) ကျော် ၊ ဒါပေမဲ့ နေစရိတ် စားစရိတ် ဘာကြေး ညာကြေး နဲ့ သူ မပိုလျှံခဲ့ဘူး။ ငွေ မစုနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ထိုင်းမှာ ၆ နှစ်လောက် ကျင်လည်ခဲ့ရတယ်။

         ကျွန်တော်နဲ့ ပြန်တွေ့တော့ သူအဆင်မပြေ။ ထိုင်းမှာ တစ်ရက် ကျပ် (၁၀၀၀၀) ကျော် က အလုပ်ဆင်းတဲ့ရက်မှ ရတာ တစ်လမှာ ၂၂ ရက် အလုပ်ဆင်းရတော့ ကျပ်ငွေ (၂၂၀၀၀၀) နောက် အချိန်ပိုခ ရရင် တစ်နေ့ ထိုင်းဘတ်ငွေ (၂၀၀) သို့မဟုတ် (၃၀၀) ။ ဒါက နေ့တိုင်းရသည် မဟုတ်။ စုစုပေါင်း သူရတာ မြန်မာငွေကျပ် (၃) သိန်းနဲ့ (၄) သိန်းကြား။ အခြားတွေ့ကြုံရတဲ့ အခက်အခဲတွေက မနည်းမနော။ မင်း ဒီငွေ ပမာဏလောက်ရရင် မြန်မာပြည် ပြန်လုပ်မလား ကျွန်တော် မေးလိုက်သည်။သူ မြန်မာပြည်မှာ ပြန်ပြီးတော့ အလုပ်လုပ်ချင်ပါတယ်ဆိုတော့ ကျွန်တော် သူ့အတွက် ကူညီပေးဖို့ စဉ်းစားရပြီ။

            ကျွန်တော်မှာ ကိုယ်ပိုင်လုပ်ငန်း ကန်ပဏီ မရှိပါ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေမှာ ရှိတယ်ဆိုဦးတော့ ကျွန်တော် ပြောပေးလို့ မရနိုင်ပါ။ ကျွန်တော် အလုပ်ခန့်ပေးလို့မရပါ။ ကူညီလို့ ရသည်။ လမ်းပြပေးလို့ရသည်။ ဒီဘက် ၄/ ၅ နှစ်လောက် အတွင်းမှာ မြန်မာ အလုပ်အကိုင်ဈေးကွက်က ပြောင်းလဲလာသည်ကို ကျွန်တော် သတိပြုမိသည်။ အများစု က online ကို အသုံးပြုပြီး အလုပ်ခန့်လာကြသည်။ အလုပ်ရှာလာကြသည်။ ကျွန်တော် online ကနေ အလုပ်ရှာဖို့ ကူညီရမည်။

            ကျွန်တော် သူ့ကို မေးကြည့်သည်။ အီးမေးလ် (Email) သုံးတတ်လားဆိုတော့ နည်းနည်းသုံးတတ်ပါသည်တဲ့။ ဒါဆို အဆင်ပြေပြီး။ သူ အီးမေးလ် သုံးတာ ကျွမ်းကျင်အောင် ထပ်သင်ပေးလိုက် သည်။ အနီးကပ် သတင်းတစ်ပတ်လောက် သင်လိုက်တော့ သူ အဆင်ပြေပြေ သုံးတတ်လာသည်။ နောက် အင်္ဂလိပ်စကားပြောနိုင်သလားမေးတော့ သိပ်မရဘူး။ သူလုပ်ခဲ့ရတဲ့ အလုပ်တွေက အင်္ဂလိပ်စာ များများလိုတဲ့ အလုပ်တွေ အဟုတ်ဘူးလေ။ ဒါပေမဲ့ သူ သင့်တင့်သလောက်နားလည်သည်။ ဖတ်တတ်သည်။ ရေးတတ်သည်။

            ပထမဆုံး သူ့ကို ကိုယ်ရေးအချက်အလက် အကျဉ်း (CV) ရေးတတ်အောင် ပြောပြရသည်။ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တွေ သေချာမေး၊ အင်္ဂလိပ် မြန်မာ ၂ ဘာသာ နဲ့ နားလည်အောင်သေချာရှင်းပြ ၊ နောက် အလုပ်အကိုင် ဖော်ပြချက်အပိုင်း (Job Description) သေချာစေစပ့်အောင် မေးရသည်။ မိမိဖော်ပြထားချက်မှန်ကန်မှ အလုပ်ရှင် က နားလည်မည်။ သူ့အလုပ် လိုအပ်ချက်နဲ့ ကိုက်ညီ မညီ စဉ်းစားနိုင်မှာ ဖြစ်သည်။ CV ကို အကြိမ်ကြိမ်  အချောရေး သူလုပ်ကိုင်ခဲ့တာလုပ်ငန်းခွင်၊ သူရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အပိုအလို မရှိအောင် ဖော်ပြနိုင်သလားဆိုတာ သူဖာ့သာ စီစစ်စေခဲ့တယ်။ နောက်ဆုံးတော့ သူ့အလုပ်အကိုင် အတွေ့အကြုံ အကြောင်းကို အကောင်းဆုံး အမှန်ဆုံးဖော်ပြနိုင်တဲ့  စိတ်ဝင်စားစရာကောင်းတဲ့ CV တစ်စောင် ရရှိခဲ့သည်။

            စာနယ်ဇင်းတွေကနေ အလုပ်ကြော်ငြာ စောင့်ဖတ် ၊ အသိမိတ်ဆွေတွေကို အလုပ်အကိုင် အခွင့်အလမ်းမေး အဲဒီခေတ် ကုန်သွားပြီ။ Online ပေါ်ကနေ အလုပ်ရှာရတာ့ မယ်။ မြန်မာပြည်မှာ နာမည်ရနေတဲ့ အလုပ်ရှာဖွေရေး Website တွေကို လေ့လာခိုင်း နောက် Sign Up / Register လုပ်ခိုင်းရသည်။ https://www.work.com.mm/ , http://www.myjobs.com.mm/ , https://www.jobnet.com.mm , http://www.myanmar-network.net/ စတဲ့စတဲ့ ဆိုဒ်တွေမှာ ဝင်ကြည်ရင်း မိမိ နဲ့ သင့်တော်တဲ့ ယာဉ်မောင်း ၊ လုံခြုံးရေး ကနေ မန်နေဂျာ ၊ ဒါရိုက်တာ ၊ အကြံပေးပါ မကျန် အကုန်တွေ့ရမည်။

            သက်ဆိုင်ရာ အဲဒီဆိုဒ်တွေ မှာ မိမိ ရဲ့ အလုပ်ကိုင် အချက်အလက်တွေကို ဖြည့်ပေး ၊ မျော်မှန်းလစာ ၊ မိမိ ကြိုက်နှစ်သက်တဲ့ အလုပ် (မိမိ အရည်းအချင်းနဲ့ သင့်တော်သော အလုပ်) တွေ ကို ဖြည့်ထားရပါသည်။ ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်း၊ အီမေးလ် စသည် နောက် မိမိ အလုပ်လုပ်ချင်တဲ့ ဒေသ တိုင်းနဲ့ ပြည်နယ် ဒါတွေပါ သေချာ ဖြည့်ထားလို့ရပါပြီ။ ခုနက ရေးခိုင်းထားတဲ့ CV ကို အလုပ်ရှာဖွေရေး Website မှာ Upload လုပ်ခိုင်းရသည်။ နောက် အရေးကြီးသော စာရွက်စာတမ်းများကို  စကင် (Scan) ဖတ်ကာ သက်ဆိုင်ရာ နေရာတွေ မှာ Upload လုက်ခိုင်းရပြန်သည်။ ဆယ်တန်းအောင်လက်မှတ်၊ ဘွဲ့ရလက်မှတ်၊ တက်ခဲ့ဖူးသော လုပ်ငန်းခွင် သင်တန်း၊ အခြား သင်တန်း စသည် စသည်။

     အီးမေးလ် သတိပေးစာလေးပါ ရေးထားရင်တော့ မိမိ နဲ့ သင့်တော်တဲ့ အလုပ်ကို Website က နေ့တိုင်း ပို့ပေးနေမှာ ဖြစ်ပါသည်။ မိမိ နှစ်သက်တဲ့ လုပ်ကိုင်နိုင်တဲ့ အလုပ်တွေ့ရင်တော့ Website မှာ အသင့်ဖြည့်ပြီးသား CV လေးကို အသုံးပြုပြီး နေ့စဉ်လျှောက်ထားနိုင်ပါပြီ။ ငွေကြေးပေးစရာ မလိုပါ။ Computer မသုံးနိုင်ရင်တောင် မိမိ သုံးနေတဲ့ ဖုန်းကနေ နေ့စဉ် ဝင်ကြည့် လျှောက်ထားလို့ ရပါသည်။

ဒီလိုနဲ့ ကျွန်တော် ညီငယ် လျှောက်လိုက်တာ တစ်လလောက်ကြာတော့ အလုပ်အင်တာဗျုးချိန်းတာတွေ စတင်လက်ခံရရှိပါသည်။ ကံကောင်းထောက်မစွာပဲ ပထမဆုံး အလုပ်မှာတင် အင်တာဗျူးအောင်ခဲ့ပြီး အလုပ်ခွင်ဝင်ရောက်နိုင်ခဲ့ပါသည်။ သူ ထိုင်းနိုင်ငံမှာ ကိုင်ဆောင်တဲ့ ဖုန်းကတစ်ဆင့်ပဲ (Viber) ဗျူးကြပါသည်။ သူလုပ်ချင်တဲ့ အလုပ် ၊ သူလုပ်ချင်တဲ့ဒေသ ၊ သူ ထိုင်းနိုင်ငံမှာ ရတဲ့ လစာထက်ပိုတဲ့ လစာနဲ့ ခံစားခွင့် ကို ပါ ရရှိခဲ့ပါသည်။ ခုတော့ သူလည်း အဲဒီ ကန်ပဏီ ရဲ့ ဒေသဆိုင်ရာ မန်နေဂျာ အဆင့်နဲ့ ဒီလ ပထမဆုံးထုတ် လစာ ကို ရရှိခံစားရပြီး ပါပြီ။

ဒါဟာ ကျွန်တော်အတွက်တော့ အလုပ်အကိုင်ရှာဖွေပေးရေး အတွေ့အကြုံ ထဲက တစ်ခု ဖြစ်ပါသည်။ လူငယ်လူရွယ်များလည်း မိမိတို့ တတ်ထားတဲ့ ပညာ ၊ ရရှိထားတဲ့ လုပ်ငန်းအတွေ့အကြုံတွေကို အခြေခံပြီး ထိုက်တန်တဲ့ အလုပ်အကိုင် ၊ လစာ နဲ့ ခံစားခွင့် ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ အကူအညီ လိုအပ်တယ် ဆိုရင်ဖြင့် sanlwin007@gmail.com သို့ အီးမေးလ် ပေးပို့တောင်းခံနိုင်ပါသည် ခင်ဗျာ။

ဆန်းလွင်          

Zawgyi:

  ကၽြန္ေတာ္မွာ ညီငယ္တစ္ေယာက္ ရွိသည္။ သူက ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ေနခဲ့တာ ႏွစ္ေလာက္ ရွိၿပီ။ သူ႔ကို ကၽြန္ေတာ္ က သူ႕မိသားစု နဲ႔အတူ ေနထိုင္ရန္၊ အသက္အရြယ္ ႀကီးရင့္ေနၿပီ ျဖစ္ေသာ ေဖေဖ နဲ႔ အတူ ေနထိုင္ေစာင့္ေရွာက္ရန္ ျမန္မာျပည္ျပန္ အလုပ္လုပ္ဖို႔ အၿမဲတိုက္တြန္းျဖစ္သည္။ ေဖေဖ ရဲ႕ သေဘာထား ဆႏလည္းပါပါသည္။ ဒါေပမဲ့ သူ အၿမဲေျပာတာ က ျမန္မာျပည္မွာ အလုပ္အကိုင္ ရွားသည္တဲ့။ သူဘယ္လိုမွ ျမန္မာျပည္မွာ အလုပ္ရွာလို႔မရပါတဲ့။ ကၽြန္ေတာ္ကေတာ့ အားေပးၿမဲ အားေပးသည္။ မဟုတ္ပါဘူး။ ျမန္မာျပည္မွာလည္း မိမိအရည္အခ်င္းအလိုက္ သင့္ေတာ္ေသာ အလုပ္အကိုင္မ်ား ရွိသင့္သေလာက္ ရွိပါသည္။ မင္း ရက္အနည္းငယ္ လအနည္းငယ္ ႀကိဳးသားရွာေဖြ ၾကည့္က ျဖစ္ႏိုင္ပါတယ္ လို႔ ခဏခဏ သတိေပးသည္။ သို႔ေပမဲ့ သူ ရွာမရခဲ့။ ၿပီးခဲ့တဲ့ ႏွစ္ ၂၀၁၅ သႀကန္ က သူျပန္ေရာက္လာရင္း ခန္႔ ျမန္မာၿပည္မွာ ေနသြားသည္။ ေနာက္ အလုပ္မရဟု ဆိုကာ ထိုင္းႏိုင္ငံသို႔ပင္ ျပန္ကာ အလုပ္လုပ္ေနခဲ့သည္။
            လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က ညီငယ္သည္ သခ်ာၤဘြဲ႕ကို အေဝးသင္တက္ေရာက္ကာ ယူခဲ့သည္။ ေနာက္ အစိုးရ နည္းပညာေကာလိပ္ (GTC) တက္ေရာက္ခဲ့ၿပီး အေၾကာင္းၾကာင့္ ၿပီးဆံုးေအာင္ မတက္ႏိုင္ဘဲ လုပ္ငန္းခြင္ထဲေရာက္သြားသည္။ သူ႔ဘဝရဲ႕ ပထမဆံုး လုပ္ငန္းအေတြ႔အႀကံဳ က လႈိင္သာသာမွာ ရွိတဲ့ စက္မႈလုပ္ငန္းတစ္ခုမွာ အလုပ္သမား ေနာက္ အလုပ္သမားေခါင္းေဆာင္ ႏွင့္ ဂိုေထာင္ တာဝန္ခံ။ လိႈင္သာယာကၿပီးေတာ့ သူ ထိုင္းႏိုင္ငံ နယ္စပ္ေရာက္သြားသည္။ အဲဒီမွာ ေစ်းဆိုင္အလုပ္သမား ပစည္းအတင္အခ် ပစည္း အဝင္အထြက္ စာရင္းကိုင္ စသည္ စသည္ျဖင့္ ေတာ္ေတာ္  က်င္လည္ခဲ့ရ သည္။  ေနာက္ဆံုးေတာ့ ေရၾကည္ရာ ျမက္ႏုရာ ရွာေဖြရင္း ျမန္မာအမ်ားစုေနရာ ေနထိုင္ရာ ထိုင္းႏိုင္ငံ မဟာခ်ဳိင္ဘက္ကို ေရာက္သြားသည္။ ထိုင္းႏိုင္ငံမွာ လည္း အလုပ္အကိုင္ ခု ခု ေလာက္ ေျပာင္းရင္ ႏွစ္အေတာ္ၾကာ လုပ္ကိုင္ခဲ့ရသည္။ ထိုင္းႏိုင္ငံရဲ႕ ဥပေဒအရ အနိမ့္ဆံုးတစ္ေန႔လုပ္အားခသည္ ထိုင္ဘတ္ ၃၀၀ ( 300 THB) ျမန္မာေငြ က်ပ္ (၁၀၀၀၀) ေက်ာ္ ဒါေပမဲ့ ေနစရိတ္ စားစရိတ္ ဘာေၾကး ညာေၾကး နဲ႔ သူ မပိုလွ်ံခဲ့ဘူး။ ေငြ မစုႏိုင္ခဲ့ဘူး။ ဒီလိုနဲ႔ ထိုင္းမွာ ႏွစ္ေလာက္ က်င္လည္ခဲ့ရတယ္။
         ကၽြန္ေတာ္နဲ႔ ျပန္ေတြ႔ေတာ့ သူအဆင္မေျပ။ ထိုင္းမွာ တစ္ရက္ က်ပ္ (၁၀၀၀၀) ေက်ာ္ က အလုပ္ဆင္းတဲ့ရက္မွ ရတာ တစ္လမွာ ၂၂ ရက္ အလုပ္ဆင္းရေတာ့ က်ပ္ေငြ (၂၂၀၀၀၀) ေနာက္ အခ်ိန္ပုိခ ရရင္ တစ္ေန႔ ထိုင္းဘတ္ေငြ (၂၀၀) သို႔မဟုတ္ (၃၀၀) ဒါက ေန႔တိုင္းရသည္ မဟုတ္။ စုစုေပါင္း သူရတာ ျမန္မာေငြက်ပ္ () သိန္းနဲ႔ () သိန္းၾကား။ အျခားေတြ႔ႀကံဳရတဲ့ အခက္အခဲေတြက မနည္းမေနာ။ မင္း ဒီေငြ ပမာဏေလာက္ရရင္ ျမန္မာျပည္ ျပန္လုပ္မလား ကၽြန္ေတာ္ ေမးလိုက္သည္။သူ ျမန္မာျပည္မွာ ျပန္ၿပီးေတာ့ အလုပ္လုပ္ခ်င္ပါတယ္ဆိုေတာ့ ကၽြန္ေတာ္ သူ႔အတြက္ ကူညီေပးဖို႔ စဥ္းစားရၿပီ။
            ကၽြန္ေတာ္မွာ ကိုယ္ပိုင္လုပ္ငန္း ကန္ပဏီ မရွိပါ။ သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္းေတြမွာ ရွိတယ္ဆိုဦးေတာ့ ကၽြန္ေတာ္ ေျပာေပးလို႔ မရႏိုင္ပါ။ ကၽြန္ေတာ္ အလုပ္ခန္႔ေပးလို႔မရပါ။ ကူညီလို႔ ရသည္။ လမ္းျပေပးလို႔ရသည္။ ဒီဘက္ / ႏွစ္ေလာက္ အတြင္းမွာ ျမန္မာ အလုပ္အကိုင္ေစ်းကြက္က ေျပာင္းလဲလာသည္ကို ကၽြန္ေတာ္ သတိၿပဳမိသည္။ အမ်ားစု က online ကို အသံုးျပဳၿပီး အလုပ္ခန္႔လာၾကသည္။ အလုပ္ရွာလာၾကသည္။ ကၽြန္ေတာ္ online ကေန အလုပ္ရွာဖို႔ ကူညီရမည္။
            ကၽြန္ေတာ္ သူ႔ကို ေမးၾကည့္သည္။ အီးေမးလ္ (Email) သံုးတတ္လားဆိုေတာ့ နည္းနည္းသံုးတတ္ပါသည္တဲ့။ ဒါဆို အဆင္ေျပၿပီး။ သူ အီးေမးလ္ သံုးတာ ကၽြမ္းက်င္ေအာင္ ထပ္သင္ေပးလိုက္ သည္။ အနီးကပ္ သတင္းတစ္ပတ္ေလာက္ သင္လိုက္ေတာ့ သူ အဆင္ေျပေျပ သံုးတတ္လာသည္။ ေနာက္ အဂၤလိပ္စကားေျပာႏိုင္သလားေမးေတာ့ သိပ္မရဘူး။ သူလုပ္ခဲ့ရတဲ့ အလုပ္ေတြက အဂၤလိပ္စာ မ်ားမ်ားလိုတဲ့ အလုပ္ေတြ အဟုတ္ဘူးေလ။ ဒါေပမဲ့ သူ သင့္တင့္သေလာက္နားလည္သည္။ ဖတ္တတ္သည္။ ေရးတတ္သည္။
            ပထမဆံုး သူ႔ကို ကိုယ္ေရးအခ်က္အလက္ အက်ဥ္း (CV) ေရးတတ္ေအာင္ ေျပာျပရသည္။ သူလုပ္ကိုင္ခဲ့တဲ့ အလုပ္ေတြ ေသခ်ာေမး၊ အဂၤလိပ္ ျမန္မာ ဘာသာ နဲ႔ နားလည္ေအာင္ေသခ်ာရွင္းျပ ေနာက္ အလုပ္အကိုင္ ေဖာ္ျပခ်က္အပိုင္း (Job Description) ေသခ်ာေစစပ့္ေအာင္ ေမးရသည္။ မိမိေဖာ္ျပထားခ်က္မွန္ကန္မွ အလုပ္ရွင္ က နားလည္မည္။ သူ႔အလုပ္ လိုအပ္ခ်က္နဲ႔ ကိုက္ညီ မညီ စဥ္းစားႏိုင္မွာ ျဖစ္သည္။ CV ကို အႀကိမ္ႀကိမ္  အေခ်ာေရး သူလုပ္ကိုင္ခဲ့တာလုပ္ငန္းခြင္၊ သူရရွိခဲ့တဲ့ အေတြ႕အႀကံဳေတြကို အပိုအလို မရွိေအာင္ ေဖာ္ျပႏိုင္သလားဆိုတာ သူဖာ့သာ စီစစ္ေစခဲ့တယ္။ ေနာက္ဆံုးေတာ့ သူ႔အလုပ္အကိုင္ အေတြ႕အႀကံဳ အေၾကာင္းကို အေကာင္းဆံုး အမွန္ဆံုးေဖာ္ျပႏိုင္တဲ့  စိတ္ဝင္စားစရာေကာင္းတဲ့ CV တစ္ေစာင္ ရရွိခဲ့သည္။
            စာနယ္ဇင္းေတြကေန အလုပ္ေၾကာ္ျငာ ေစာင့္ဖတ္ အသိမိတ္ေဆြေတြကို အလုပ္အကိုင္ အခြင့္အလမ္းေမး အဲဒီေခတ္ ကုန္သြားၿပီ။ Online ေပၚကေန အလုပ္ရွာရတာ့ မယ္။ ျမန္မာျပည္မွာ နာမည္ရေနတဲ့ အလုပ္ရွာေဖြေရး Website ေတြကို ေလ့လာခိုင္း ေနာက္ Sign Up / Register လုပ္ခိုင္းရသည္။ https://www.work.com.mm/ , http://www.myjobs.com.mm/ , https://www.jobnet.com.mm , http://www.myanmar-network.net/ စတဲ့စတဲ့ ဆိုဒ္ေတြမွာ ဝင္ၾကည္ရင္း မိမိ နဲ႔ သင့္ေတာ္တဲ့ ယာဥ္ေမာင္း လံုၿခံဳးေရး ကေန မန္ေနဂ်ာ ဒါရိုက္တာ အႀကံေပးပါ မက်န္ အကုန္ေတြ႕ရမည္။
            သက္ဆိုင္ရာ အဲဒီဆိုဒ္ေတြ မွာ မိမိ ရဲ႕ အလုပ္ကိုင္ အခ်က္အလက္ေတြကို ျဖည့္ေပး ေမ်ာ္မွန္းလစာ မိမိ ႀကိဳက္ႏွစ္သက္တဲ့ အလုပ္ (မိမိ အရည္းအခ်င္းနဲ႔ သင့္ေတာ္ေသာ အလုပ္) ေတြ ကို ျဖည့္ထားရပါသည္။ ဆက္သြယ္ရမည့္ လိပ္စာ၊ ဖုန္း၊ အီေမးလ္ စသည္ ေနာက္ မိမိ အလုပ္လုပ္ခ်င္တဲ့ ေဒသ တိုင္းနဲ႔ ျပည္နယ္ ဒါေတြပါ ေသခ်ာ ျဖည့္ထားလို႔ရပါၿပီ။ ခုနက ေရးခိုင္းထားတဲ့ CV ကို အလုပ္ရွာေဖြေရး Website မွာ Upload လုပ္ခိုင္းရသည္။ ေနာက္ အေရးႀကီးေသာ စာရြက္စာတမ္းမ်ားကို  စကင္ (Scan) ဖတ္ကာ သက္ဆိုင္ရာ ေနရာေတြ မွာ Upload လုက္ခိုင္းရျပန္သည္။ ဆယ္တန္းေအာင္လက္မွတ္၊ ဘြဲ႔ရလက္မွတ္၊ တက္ခဲ့ဖူးေသာ လုပ္ငန္းခြင္ သင္တန္း၊ အျခား သင္တန္း စသည္ စသည္။
     အီးေမးလ္ သတိေပးစာေလးပါ ေရးထားရင္ေတာ့ မိမိ နဲ႔ သင့္ေတာ္တဲ့ အလုပ္ကို Website က ေန႔တိုင္း ပို႔ေပးေနမွာ ျဖစ္ပါသည္။ မိမိ ႏွစ္သက္တဲ့ လုပ္ကိုင္ႏိုင္တဲ့ အလုပ္ေတြ႕ရင္ေတာ့ Website မွာ အသင့္ျဖည့္ၿပီးသား CV ေလးကို အသံုးျပဳၿပီး ေန႔စဥ္ေလွ်ာက္ထားႏိုင္ပါၿပီ။ ေငြေၾကးေပးစရာ မလိုပါ။ Computer မသံုးႏိုင္ရင္ေတာင္ မိမိ သံုးေနတဲ့ ဖုန္းကေန ေန႔စဥ္ ဝင္ၾကည့္ ေလွ်ာက္ထားလို႔ ရပါသည္။
ဒီလိုနဲ႔ ကၽြန္ေတာ္ ညီငယ္ ေလ်ွာက္လိုက္တာ တစ္လေလာက္ၾကာေတာ့ အလုပ္အင္တာဗ်ဳးခ်ိန္းတာေတြ စတင္လက္ခံရရွိပါသည္။ ကံေကာင္းေထာက္မစြာပဲ ပထမဆံုး အလုပ္မွာတင္ အင္တာဗ်ဴးေအာင္ခဲ့ၿပီး အလုပ္ခြင္ဝင္ေရာက္ႏိုင္ခဲ့ပါသည္။ သူ ထိုင္းႏိုင္ငံမွာ ကိုင္ေဆာင္တဲ့ ဖုန္းကတစ္ဆင့္ပဲ (Viber) ဗ်ဴးၾကပါသည္။ သူလုပ္ခ်င္တဲ့ အလုပ္ သူလုပ္ခ်င္တဲ့ေဒသ သူ ထိုင္းႏိုင္ငံမွာ ရတဲ့ လစာထက္ပိုတဲ့ လစာနဲ႔ ခံစားခြင့္ ကို ပါ ရရွိခဲ့ပါသည္။ ခုေတာ့ သူလည္း အဲဒီ ကန္ပဏီ ရဲ႕ ေဒသဆိုင္ရာ မန္ေနဂ်ာ အဆင့္နဲ႔ ဒီလ ပထမဆံုးထုတ္ လစာ ကို ရရွိခံစားရၿပီး ပါၿပီ။
ဒါဟာ ကၽြန္ေတာ္အတြက္ေတာ့ အလုပ္အကိုင္ရွာေဖြေပးေရး အေတြ႔အႀကံဳ ထဲက တစ္ခု ျဖစ္ပါသည္။ လူငယ္လူရြယ္မ်ားလည္း မိမိတို႔ တတ္ထားတဲ့ ပညာ ရရွိထားတဲ့ လုပ္ငန္းအေတြ႕အႀကံဳေတြကို အေျခခံၿပီး ထိုက္တန္တဲ့ အလုပ္အကိုင္ လစာ နဲ႔ ခံစားခြင့္ ရရွိၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါသည္။ အကူအညီ လိုအပ္တယ္ ဆိုရင္ျဖင့္ sanlwin007@gmail.com သို႔ အီးေမးလ္ ေပးပို႔ေတာင္းခံႏိုင္ပါသည္ ခင္ဗ်ာ။
ဆန္းလြင္