Jul 23, 2013

ငါ ... အသံတွေဝင်နေလို့ပါ

တိတ်ဆိတ်မှုဟာ ခွေခေါက်လို့
ပြတင်းနားက နေရောင်ကို ခပ်သောက်လိုက်တယ်
ကမ္ဘာလောကကို ချောင်းကြည့်ဖို့
ဒါမှမဟုတ်
ဘုရားသခင် ၊ ကမ္ဘာလောက
ချစ်ခြင်းမေတ္တာ ၊ သဘာဝပတ်ဝန်းကျင်
လူသားမျိုးတုံးခြင်းပြဿနာများနဲ့
တစ်ခြားအရေးတကြီး စကားလုံးတချို့ကို
ယာယီ အနားပေးထားဖို့
ငါ့ရဲ့အနီးအနား ငါ့ရဲ့အကျို့အကြား
ရာသီကုန် လျော့ဈေးဆိုလားကွာ
အသံဗလံတွေ တိုးဝင်လာပြန်တယ်
ငါကပဲ ဖိတ်ခေါ်ခဲ့တာလား
အလင်းနှစ်တွေကပဲ နောက်ကျခဲ့တာလား
လူသံတွေကလွဲရင် အသံဗလံအားလုံး ...
နေရာတကျ အထားအသိုမှန်မှန် စီစဉ်နေမိ
ခပ်သဲ့သ့ေဲ တာ့ကြားမှာပါ
ရင်ဘတ်ထဲက လာတာမဟုတ်ဘူး
ပါးစပ်ဖျားက
လျှာခင်နားက
တိုးဝှေ့ထွက်လာတဲ့ အသံဗလံ ..
ဝူးဝူးဝါးဝါး .. ဒါမှမဟုတ် ဖယ်ထုတ်ခံထားရတဲ့
သန်းခြောက်ဆယ်တန် အသံတုအသံကြောင်
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ငါ ... အသံတွေဝင်နေလို့ပါ
ယားယံနေတဲ့ လည်ချောင်းတစ်လျှောက်
ငါ့အသံကို ငါမမှတ်မိတော့ဘူး


မင်းစစ်အိမ်