Jul 23, 2013

ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီအကျဉ်းစခန်းမှာ
သေဆုံးသွားတဲ့ အန်နီဖရန့် ရဲ့ အမှောင်ထဲက မှတ်တမ်းစာအုပ်နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဘော့စနီးယားပြည်တွင်းစစ်အတွင်း (၁၃) နှစ်သမီးလေး
ဇလာတာဖီလီပိုဗစ် ရေးမှတ်ခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းနဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဘော့စနီးယားပြည်တွင်းစစ်အတွင်းမှာ့အသက်ပေးခဲ့ရတဲ့
ဘာသာမတူတဲ့ ချစ်သူနှစ်ဦး
ဘော့ကို နဲ့ အယ်ဒီမီရာတို့ရဲ့ အလွမ်းပြဇတ်တွေနဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဖခင်ရောင်းစားလို့ (၁၁) နှစ်အရွယ်မှာ
ကိုယ့်ထက် (၂၄) နှစ်ကြီးသူ နဲ့လက်ထပ်ခဲ့ရပြီး
(၁၂) အရွယ်မှာ မီးဖွားရင်း သွေးလွန်သေဆုံးသွားတဲ့
ယီမင်နိုင်ငံသူ ဖာစီယာရဲ့ တစ်ခန်းရပ်ပြဇာတ် နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ
(၁၅) နှစ်အရွယ် ပါကစ ္စတန်ကျောင်းသူလေး မာလာလာ၊
ယူဆွတ်ဖ်ဇိုင် ရဲ့ ဦးခေါင်းထဲ ကျဉ်တစ်တောင့်
လက်ဆောင်ထည့်ပေးတာ ခံလိုက်ရတဲ့ သတင်း နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
ဘတ်စ်ကားစီးရင်း လူယုတ်မာတစ်စု လက်ချက် နဲ့
ပန်းတစ်ပွင့်လို ရက်ရက်စက်စက် ခြွချနင်းချေခံလိုက်ရတဲ့
(၂၃) နှစ် အရွယ် အိန ္ဒယဆေးကျောင်းသူ သတင်း နဲ့
ထင်ရှားကျော်ကြားတဲ့ ကမ္ဘာကြီး
............................................................
သင့်ကို ထူးချွန်ထင်ရှားပုဂ ္ဂိုလ်များ စာရင်းမှာ နံပါတ်တစ်ပေးတယ်
ဂုဏ်ယူ ဝမ်းမြောက်ပါတော့ ကမ္ဘာကြီး။  ။


ဆေးခါး
11.1.2013
03.05 AM (TDI)

Idea, May 2013