Aug 2, 2012

အဝေးကွင်း


လေညာ ဖြတ်တင်ဘော
တစ်လုံး ပြီးတစ်လုံး ဗုံးကြဲသလို ကျလာ။
မွေးရာပါ ဗီဇထဲ
ပါးစပ်အငြိမ်မနေနိုင်သူ ဒိုင်လူကြီးရဲ့
အဂတိ ခရာတွတ်သံကြား
တို့အသင်းသားများ ဒုက္ခ။

ကံကြမ္မာက
ထမင်းခုနှစ်ရက်မစားရတဲ့ ဒေါသနဲ့
ငါတို့အပေါ်ကနေ စီးမိုးကြည့်တယ်။
ကိုယ်က ခြေသာအောင်ကစားပြီး
ခြေကုန်လက်ပန်းရှုံးရ
မိနစ်ကိုးဆယ် မကုန်နိုင် မဆုံးနိုင်။        

ကိုရင့်