Aug 2, 2012

သိုး

ငါလျှောက်သလောက်
ခရီးမပေါက်တာ ခက်တယ်။

ကဝေတစ်ကောင်ရဲ့ လက်မျိုးနဲ့
ငါ့အနာဂတ်ကို လာမတီးချင်စမ်းနဲ့…..
ခြေရာတိုင်းသာ အစားခံရရင်
ဟောဒီ ကျားကွက် မရွှေ့ဘူး။

ချိန်သားကိုက်ပြကွက်ထဲမှာ
ငါက သံပတ်မရှိတဲ့ နာရီ…
ရယ်စရာဇာတ်လမ်းတွေထဲမှာ
ငါက ရေစိုနေတဲ့ မီးခြစ်
ငါးယောက်တစ်ဝိုင်းမှာ
ငါက “ဂျိုကား“မပါတဲ့ ဆယ်သုံးချပ်……   

စီခြေက်ဆယ် တစ်ခွေစာအလွမ်းနဲ့
တစ်ပတ်ရစ်တေးတစ်ပိုဒ်လို
အချိန်ကျတိုင်း ငိုမပြချင်တော့ဘူး။      

အလင်းဆူး