Mar 15, 2013

လက်ကျန်မိနစ်တွေနဲ့ဘာမဆိုမျှော်လင့် လို့ရတာပဲ

လက်ကျန်မိနစ်တွေနဲ့ဘာမဆိုမျှော်လင့် လို့ရတာပဲ
ဘုရားစင်ပေါ်မှာပူဇော်ထားတဲ့အမွှေးတိုင်လေးငြိမ်းတော့မယ်
ဘုရား၊တရား၊သံဃာကယ်တော်မူကြပါဗျာ
စကားသံအဆုံးမှာ
အမွှေးတိုင်ထိပ်ကကွေးကောက်နေတဲ့ပြာစတွေကြွေကျသွားတယ်။
စစ်ကလည်းစစ်မလို့
နေရာကလည်းနေရာမလို့
စာအုပ်တစ်အုပ်လုံးမှာလည်းအဆင်မပြေတာတွေချည်းရေးခဲ့လို့
ဒီနေ့နောက်ထပ်စာအုပ်အသစ်တစ်အုပ်ထပ်ပြီးထုတ်ခဲ့ပါတယ်။
ငါပာာမီးကူးလွယ်တဲ့လောင်စာသုံးမရတဲ့ငွေစက္ကူ
စစ်ပြီးခေတ်ကလည်း
ဘာမှမမြင်ရတဲ့ရုပ်ရှင်
ဘာမှမကြားရတဲ့သီချင်း
အခင်းအကျင်းမရှိတဲ့လောကထဲ
ဘာကိုများမျှော်လင့်လို့ရမှာလဲ။
သံသရာကဘယ်လိုလည်လာမှာလဲ။
အရာရာဟာလဝန်းပမာကြာပန်းပမာ
ဂျက်ချလို့မရတဲ့အခန်းထဲကနေ
တိုင်းပြည်အတွက်လက်ကျန်မိနစ်တွေနဲ့
ဘာကိုများမျှော်လင့်လို့ရလည်းဆိုတာ
စောင့်ကြည့်လိုက်ပါအုံးမယ်။ ။

ထွဏ်းသွေးအိမ်

Mar 11, 2013

ပဲကြီး

သွားလေသူဆရာဝန်ကြီးက
စိတ်ချပါရစေ
ငါ့သားလို့မင်းကိုတဖွဖွမှာတယ်။

သွားဆရာဝန်မင်းက
သွားတွေအကြောင်း
ဘယ်လောက်သိလည်းငါမသိပေမဲ့
ကဗျာတွေအကြောင်း မင်းအများကြီးသိတယ်ဆိုတာငါသိတယ် 

အိပ်ရာအောက်မှာလွယ်အိပ်ထဲမှာမင်းရင်ထဲမှာကဗျာတွေချည်းပဲ။
မင်းအိမ်လာတော့တကယ်ကိုက်မယ်ထင်တဲ့ခွေးအကြီးကြီးကမကိုက်ဘဲခြံထောင့်မှာ
ငြိမ်နေတဲ့ခွေးသေးသေးလေးကငါ့ကိုကိုက်တယ်
မင်းမျက်လုံးတွေဟာအမြဲတွေဝေလို့
မင်းအမေနဲ့မင်းညီမလေးကိုမင်းဘာကတိတွေပေးထားတာလဲ
ဘဝဆိုတာမင်းကုတင်ခြေရင်းမှာပုံနေတဲ့army rum ပုလင်းတွေကိုကြည့်
အဲဒီပုလင်းတွေကမင်းအဖေကိုမင်းတို့နဲ့ခြားပစ်လိုက်တာပဲ
ဒါလည်းမင်းထပ်သောက်တယ်။
မင်းမပြောတာနှစ်ခုရှိတယ်၁။ ချစ်ခြင်းမေတ္တာ၂။ သွားတွေအကြောင်း
မင်းခဏခဏပြောတာနှစ်ခုရှိတယ်၁။ ပိုတ်ဆံမရှိခြင်း၂။ဘော်လုံးပွဲတွေ။
မင်းစီးနေတဲ့ဆိုင်ကယ်လိုမင်းဘဝကိုနှေးနှေးမသွားနဲ့
ပဲကြီးမင်းလက်မောင်းကိုမင်းအမေကခိုချင်နေပြီ
မင်းလစာကိုမင်းညီမလေးကလိုချင်နေပြီ
အခုမင်းတို့လမ်းလေးကောင်းသွားသလို
မင်းကိုလည်းဒီထက်ပိုပြီးကောင်းစေချင်တယ်။
မိုးရင့်ကြယ်ဆိုတာမိုးကောင်းကင်ထဲမှာရင့်ကျက်နေတဲ့ကြယ်တစ်စင်းဆိုတာ
စာရွက်ပေါ်မှာရောလက်တွေ့ဘဝမှာရောမင်းလုပ်ပြလိုက်တော့ ရာဇာ။ ။

ထွဏ်းသွေးအိမ် 


ကဗျာဆရာမိုးရင့်ကြယ်မွေးနေ့ အမှတ်တရ။

Mar 9, 2013

ကမ္ဘာကြီးမှာတိုထားရမဲ့မင်နီတွေ


အလုံးလိုက် အထွေးလိုက်တီထွေးကြီး
ဘယ်သူနာမည်နဲ.ရမ်းကားနေပါ.
ငါက  ပြည်သူ
ခုအာဏာရှိသူ
မကြေတဲ့ကမ္ဘာကိုချေချင်သူ
အောက်လက်ငယ်သားဖြစ်နေတဲ့အုပ်စိုးသူ
ငါအခု
ကြေကွဲ
ငါအခုခံစား
ငါအသံလွှတ်တော်မရောက်ပဲလမ်းဘေးရောက်နေတယ်
ငါတင်တဲ့မျောက်ငါမလန့်ချင်ဘူး
ငါဇာတ်လမ်ကအမြဲတမ်းဆင်းရဲသားလား
အမြဲတမ်းတော်လှန်ရေးသမားလား
ဘယ်သူပြောတာမှမခံ
ငါကလူညံ့မဟုတ်။   ။
                  

တိုးနှောင်မိုး

Mar 4, 2013

ဝါကျတစ်ကြောင်းရဲ့ ခရမ်းရောင်(၃)

ရွာပြီဆိုကတည်းက မိုးမှန်းသိတဲ့ကောင်ပါ
မြစ်လို ပင်လယ်လို စီးဆင်းမပေးနိုင်ခဲ့တာက လွဲလို့

အဓိပတိလမ်း ရေတံမာတန်းမှာ
ချစ်သူတွေရဲ့ မဟာအနမ်းလည်း ရှိဦးမယ်

ရေနံ့သာမလေး အဆောင်ဘေးမှာ
ကြွေချင်တဲ့ကြယ် တေးလည်း ရှိဦးမယ်

နှစ်ဆယ့်လေးနာရီ အဆောင်မှူးမှာ
ကော်ပီမကူးရတဲ့ လက်မှတ်တွေလည်း ရှိဦးမယ်

စာသင်ခန်းနောက်ဆုံးတန်းမှာ
ပင်ပန်းလို့ကို မ၀နိုင်တဲ့သူတွေလည်း ရှိဦးမယ်

ညစာစားပွဲနံရံကပ်မှာ
မောင်နေပြာရဲ့အန်ဖတ်တွေလည်း ရှိဦးမယ်

ရှုထောင့်ကဖီး ကိုထွန်းမောင်မှာ
အိမ်တဆောင်မီးတပြောင် အပေါင်လက်မှတ်တွေလည်း ရှိဦးမယ်

န၀င်းသူအဆောင်ဝမှာ
တောင်စဉ်ရေမရ တန်းစီနေကြသူတွေလည်း ရှိဦးမယ်

ကောက်ညှင်းနွေး နံနက်ခင်းမှာ
အထွက်ကျဆင်းမဲ့ လယ်ကွက်တွေလည်း ရှိဦးမယ်

အခန်းနံပါတ်သုံးဆယ့်ခြောက်မှာ
ဟိုးတုန်းက မီးတောက်တွေလည်း ရှိဦးမယ်

ရွာပြီဆိုကတည်းက မိုးမှန်းသိတဲ့ကောင်ပါ
ခရေလို စပယ်လို ပွင့်မပေးနိုင်ခဲ့တာက လွဲလို့

အက္ခရာနဲ့ နှိုး
ခေါင်းလောင်းကိုတော့
ထိုး ခဲ့တယ်။ ။


သုသစ်