Mar 9, 2013

ကမ္ဘာကြီးမှာတိုထားရမဲ့မင်နီတွေ


အလုံးလိုက် အထွေးလိုက်တီထွေးကြီး
ဘယ်သူနာမည်နဲ.ရမ်းကားနေပါ.
ငါက  ပြည်သူ
ခုအာဏာရှိသူ
မကြေတဲ့ကမ္ဘာကိုချေချင်သူ
အောက်လက်ငယ်သားဖြစ်နေတဲ့အုပ်စိုးသူ
ငါအခု
ကြေကွဲ
ငါအခုခံစား
ငါအသံလွှတ်တော်မရောက်ပဲလမ်းဘေးရောက်နေတယ်
ငါတင်တဲ့မျောက်ငါမလန့်ချင်ဘူး
ငါဇာတ်လမ်ကအမြဲတမ်းဆင်းရဲသားလား
အမြဲတမ်းတော်လှန်ရေးသမားလား
ဘယ်သူပြောတာမှမခံ
ငါကလူညံ့မဟုတ်။   ။
                  

တိုးနှောင်မိုး