Aug 2, 2012

နောင်တမရတဲ့နောင်တ


လောကမှာ
အသီးအပွင့်တွေများသလို
ခါးမှန်းသိသိနဲ့
မိုက်မဲမှုတွေကိုသာ
သာယာနေခဲ့ ………။

ခုတော့
သဲကြီးမဲကြီး လိုက်ခဲ့တဲ့လမ်းက
အနာတရနဲ့ သွေးအလိမ်းလိမ်း…..။

မဖြစ်သေးခင်မှာ ဖြစ်ခဲ့ရတယ်
ဖြစ်ပြီးတဲ့ ဘဝတွေဟာလည်း
လုံလုံလောက်လောက် ကျေနပ်ခဲ့ရသလား…။

ခပ်ဖျော့ဖျော့ အလင်းရောင်အောက်က
အဲဒီမျှော်လင့်ခြင်းတွေမှာ
သိမ်ငယ်မှုတွေနဲ့ ဝေးလို့…..။   

ညီမှူးအိမ်

Aug 1, 2012

မောင်နေပြာထံ ရင်ဖွင့်ခြင်း (သို့)အချစ်စစ်

                                    အံသွားတံချောင်း၏ နာမည်ရင်း
“အချစ်“ ဖြစ်သောအခါ
ငါးမျှားချိတ်က လူလားမြောက်၍
ထိုနာမည်ကို ခိုး၏။

v                                အဖေလည်း ငါးမျှားထွက်ခဲ့ဖူးတာကို
ငါ မမေ့ဘူး
အဖေ မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီထဲမှာလည်း
အဲဒါ ပါမယ်မထင်။

Ø                               ခိုစာကျွေးနေသော အမေအိုသည်
အချစ် ၉၀%ဖြစ်၍
ခို ၁၀%သည်
ယတြာချေသူ၏ အားကိုးရာ။

v                                သံယောဇဉ် လမ်းကျဉ်းပေါ်
လွဲချော်တိမ်းပ
ထနောင်းပင်ရိပ်က
ကူတဲ့ချိုးညီနောင်….. တမ်းတနွမ်းလျ။

Ø                                သို့သော်
သစ္စာတေးပင် ဖြစ်လိမ့်မည်
ဗိုင်းရပ်(စ်)တစ်ကောင် ဖန်ဆင်း၍
နှုလုံးသားကို လက်မှတ်ဝင်စစ်သောအခါ
ငါသည် သစ္စာတရားထိုင်ခုံနှင့်။

v                                သစ္စာတရားပင် တိမ်းညွတ်မှုဖြစ်သလော
ခဏခဏ
အဲဒီ ခဏခဏကိုပဲ
“ရင်“အကြွေးတွေ
ပေးဆပ်  ၊အသက်ထပ်
ပေးလျှော်ခဲ့ရသလိုပဲ……..။

Ø                               ညီမလေးရယ်
သပြေပန်းနဲ့ ကမ်းမလင့်ဖြစ်တောင်
ဆုံးခန်းသွားတဲ့ အချစ်အတွက်
အဲဒီပန်းနဲ့ ရေသပ္ပယ်
ဝဠ်ကြွေးဆုံးပါစေတာ့လို့။

v                                ထိုအခါ
သပြေသီးကောက်စို့လားရယ်ကွဲ့….လို့လည်း
ညီမလေးရေ…….ဘာရေ
မခေါ်ရဲ၊မခေါ်ရက်ခဲ့ပြီမို့
တိမ်ပြာသည် တောင်စဉ်ခုနှစ်လုံးကို မခြယ်သ
မိမွေးတိုင်း၊ဖမွေးတိုင်း တမ်လွင်မြူခိုးတို့သည်
လွမ်းတလွင့်လွင့်လျှင်……….။

Ø                                           
                                         ကျော်ဇောလွင်
v  မောင်နေပြာ

ယနေ့ နှစ်သန်းလေးဆယ်

ငါ့ရင်ထဲက အပူစီးကြောင်းတွေကြောင့်
အညာနွေ လှန်ပြတဲ့ လက်တွေကို
ငါ မခံစားနိုင်တော့ဘူး ။

လက်တင်ရလောက်အောင်လည်း
နဖူးက အေးမြမနေဘူး ။

ပိန်ချည်ဖောင်းချည် ကစားနေတဲ့
ငါ့ဝမ်းဗိုက်က ငါ့ကို မသိကျိုးကျွန်ပြုလို့ ။


မျက်နှာပေါ် ရှပ်ပြေးတဲ့ အပြုံးများ
ပုဝါပါးလှပ်ပြမှ မြင်ရတဲ့ ဒြပ်ထုများ
ခဏခဏ  စစ်ကြည့်မှ တွေ့ရတဲ့ အလှတရားများ
ရှေ့တခေါ်က မြက်ခင်းစိမ်းလမ်းများ
……………………………………………..
……………………………………………..
…….….များ၊.……..….များ၊………..….များ၊
အဲဒါတွေ အားလုံးအတွက်
ငါ ဘေးထွက်ထိုင်နေရတယ် ။

တကယ်တော့
ငါကို ငါ တူးဖော်ကြည်တဲ့အခါမှ
ပြန်တွေ့တွေ့နေရတာက………
လူတွေ ။    ။

မောင်နေပြာ                                

ကျွန်တော်ရူတဲ့လေထု

ဆေးလိပ်မိုးခိုးတွေ သိပ်ရှည်လွန်းပြီ
သူတို့ဟလိုက်တဲ့ ပါးစပ်တွေထဲက
ဟိမဝန္တာ ကျကျလာတယ်။
အမေက သဲထဲရေသွန်ဆိုတာပဲထထပြောတယ်။
မလွယ်ဘူး။
ကျွန်တော် ခဏခဏ နေရာပြင်ထိုင်ရတယ်။
အဘိဓမ္မာကျမ်းကို (၁၀၁)ခေါက် ဖတ်ဖို့လိုဦးမယ်ထင်တယ်။
အဖေကို မေးရဦးမယ်။
ကျောက်ရုပ်ခေါင်းငြိမ့်အောင် ပြောနိုင်တဲ့
ဖေဖေ့သူငယ်ချင်း ရှိသေးလားလို့ ။
မနေ့ကဝယ်လာတဲ့ မျက်မှန်တစ်လက်
ဘုရားစင်ပေါ် မတင်ဖြစ်ခဲ့ဘူး။
ဆေးကြော်ငြာတွေပဲ အမှတ်ရနေမိတယ်။
ဝမ်းတစ်လုံးမကောင်းရင်တော့ ခေါင်းခဲမှာပဲတဲ့ ။         ။

မောင်နေပြာ