Aug 1, 2012

ကျွန်တော်ရူတဲ့လေထု

ဆေးလိပ်မိုးခိုးတွေ သိပ်ရှည်လွန်းပြီ
သူတို့ဟလိုက်တဲ့ ပါးစပ်တွေထဲက
ဟိမဝန္တာ ကျကျလာတယ်။
အမေက သဲထဲရေသွန်ဆိုတာပဲထထပြောတယ်။
မလွယ်ဘူး။
ကျွန်တော် ခဏခဏ နေရာပြင်ထိုင်ရတယ်။
အဘိဓမ္မာကျမ်းကို (၁၀၁)ခေါက် ဖတ်ဖို့လိုဦးမယ်ထင်တယ်။
အဖေကို မေးရဦးမယ်။
ကျောက်ရုပ်ခေါင်းငြိမ့်အောင် ပြောနိုင်တဲ့
ဖေဖေ့သူငယ်ချင်း ရှိသေးလားလို့ ။
မနေ့ကဝယ်လာတဲ့ မျက်မှန်တစ်လက်
ဘုရားစင်ပေါ် မတင်ဖြစ်ခဲ့ဘူး။
ဆေးကြော်ငြာတွေပဲ အမှတ်ရနေမိတယ်။
ဝမ်းတစ်လုံးမကောင်းရင်တော့ ခေါင်းခဲမှာပဲတဲ့ ။         ။

မောင်နေပြာ