Jul 27, 2012

နိစ္စဒူဝတစ်ခုရဲ့ အစ



ဟော…ညို
မောင် မနက်လင်းပြီဆို
မြင်ချင်ပြီပေါ့ ။

မမေ့ဘူး ဒီဆောင်း
၂၀၀၃  ရဲ့ဆောင်းအကြွေ
သိမ်မွေ့တဲ့ မမဆီ
မောင် မထင်မှတ်ဘဲ
တကယ့်ကို မထင်မှတ်ဘဲ
ရောက်ခဲ့ရ။

ဘာလို့များ
ညိုညိုညက်ညက်ကလေး
မမကိုပဲအမြင်ကွက်ခဲ့ပါလိမ့်။
ဈေးသွားတော့ တွေ့ပြန်
ဟိုရှေ့က ထင်ပ
မြင်ရတော့ ချစ်စရာ
နှုတ်ဆက်ပြုံးစ မပြုံးစနဲ့
အို မမေ့ဘူးယုံ
ဟိုနား ဒီနားတွေ့ရ
ခင်ချင်စရာ  ချစ်စရာမမကို
စာကလေးပြလို့ စကားပြောတာ
ရင်ထဲက အမောကလေးတောင်
ဟိုပြေး ဒီပြေး။

မထင်မှတ်တဲ့ နေ့
မမ ရောက်လာ
မရဲတရဲကြည့်လို့ 
ဧည့် ခံခဲ့ရ။

မစကြပါနဲ့ ကွာ
ငါ့ မမ ရှက်နေပါမယ်
မောင်ပဲစမယ်နော်
ကျွန်တော့ကို  ဘယ်လိုခေါ်မတုန်းလို့ 

အဝေးသွားတော့  သတိရတယ်တဲ့
ပိန်သွားတယ်  ဆိုလားပဲ
မောင်ဆိုလေ  မန္တလေးကျုံးနဲ့ 
မြို့ပြကြားမှာ  နေရင်း
မမမျက်နှာလေး  ကျကျလာတယ်။
မတွယ်ဘဲ လွမ်းတယ်ညို
ဘယ်လိုများစကားဆိုရပါ့

နေ့ တဘက်စောင်းတောင်
မောင့်ရင်ထဲက  အလွမ်းမဟောင်းသေးဘဲ
မမဘေး အသာကပ်
မမကို ဘယ်ညာကြည့် 
ရင်တွေခုန်ပါဘိ။

ငွေသော်တာရောင်ခြည်လည်း
ထပ်ခဲ့ပြီပေါ့    
အသစ်စက်စက်ချစ်စကား
ဘယ်သူမှမပြောဖူးသေးဘူးထင်တယ်
ဆရာမကို  ကျွန်တော်ချစ်တယ်။

အဲဒီမှာဆုံးမလား  စမလား
ရင်တထိတ်ထိတ်
မမမျက်နှာ  ခန်မှန်းလို့ မရ
အပြုံးတစ်ပွင့်  အစမှာ
ဟေ့ လောကသားအပေါင်း
ငါမညံဘူးဟေ့
မမငါ့ကိုချစ်တယ်တဲ့။

အာဒမ်လိုဘဲ
ငါအစွမ်းရှိရဲ့
ဘုရားသခင်ကို
ပထမဆုးံအကြိမ် ကျေးဇူးတင်မိ။

မမပြုံးတော့ မောင်ပျော်
မမပျော်တော့ မောင်ပြုံး
မောင်နဲ့မမ
မမနဲ့ မောင်။

ဟိုအရင် တိတ်ဆိတ်ရင်ခုန်သံ
ထာဝရဆူညံခဲ့။
ဟိုအရင် အေးစက်စိတ်နှလုးံ  
ထာဝရ ရွှင်ပြုံးခဲ့။
ဟိုအရင် နွမ်းလျှကိုယ်ကာယ
ထာဝရတက်ကြွခဲ့။
အရုဏ်မှာ အတူတွေ့ 
လန်းဆန်းခဲ့ရ
ညဥ့်ယံမှာ အတူပျော်  
ကြယ်တွေဖော်နဲ့ 
မေ့မရခဲ့။

ဟိုနားဒီနား    
မမတွဲလက်
ဟိုတစ်ယောက် ဒီတစ်ယောက်
ပြုံးစစ နှုတ်ဆက်။

ဒီမြို့ သမိုင်းမှာ
မောင်တို့ ရေးခြစ်ခဲ့ပြီ
အချစ်ရေးဖြင့်
ဖြစ်သမျှအရေး ကျောနင်းဖြတ်အံ့။

ဟော---ညို
မောင် မနက်လင်းပြီဆို
မြင်ချင်ပြီပေါ့။  ။

မောင်နေပြာ