Feb 7, 2014

မိတ္ထီလာ ဥဒါန်း

ဘိုးတော် အဉ္ဖန ဖြိုတဲ့
မဟာသက္ကရာဇ်အစမှာ
ငါတို့ မိတ္ထီလာကန်ကို ဆည်ဖို့တယ်။

လောကပါလနတ်မင်းတွေရဲ့ ကျေးဇူး
ဒီကန်တော်မင်္ဂလာကို အရှည်တည်တံ့ဖို့
အနောဝတရေအိုင်မှ ရေနဲ့ ထုံကူးတယ်။

သိပြီးသား ဒီဇာတ်လမ်း
စာတိုငညို ရဲ့ ဘူမိနက်သန်
စာဆိုတော်ဦးနု ရဲ့ အောင်မြေ
မဲခေါင်မြစ်မှ အိုရွက်ဝါ ရဲ့ ချစ်သောမြေ
ငါတို့အားလုံး ရဲ့ လွမ်းဖွယ်မြေ---
စသည်-----စသည်----ဖြင့်
၉ အင်း၊ ၉ ဂူ၊ ၉ ကုန်း၊ ၉ သိမ် အပြင်
ပထမဆုံးတို့ ရဲ့ ပထမဆုံးများ
ဂုဏ်ယူစရာ ဖြစ်တယ်။

ထီသုံးဆင့်ဝင်းဟာ ကွန်းခိုရာ
အင်္ဂလိပ် အဆုတ်၊ဂျပန်အဝင်မှာ- - -
ရောင်စုံသူပုန်တို့ ရဲ့ ထိုးဖောက်ဝန်းရံမှုမှာ- - -

မြတ်ထန် ရဲ့ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်
ဘဝစာမျက်နှာ အချိုးအကွေ့မှာ
မိတ္ထီလာ ဟာ ခံစစ်ဖြစ်တယ်။
မြင်ရတဲ့ ရန်သူကို တိုက်ဖို့ရာ
အရေးကြီး ခြေကုပ်စခန်းဖြစ်တယ်။

ငါ့ အဖေ ခဏခဏ မှာတယ်။
သာသနာ ညှိုးနွမ်းရင် ဒကာက စောင့်ရှောက်ရတယ်
ဒကာ ညှိုးနွမ်းရင် သာသနာက စောင့်ရှောက်ရတယ်
အဖေရေ- - -
အဖေပြောတဲ့ စကား အဖေ မသေခင် မှန်နေပြီ။

၉၁ ဧပြီ ၇ မှာ
မီးခိုးလို့ အပြုတ်နှံ ခံခဲ့ရဖူးပြီ။
မြို့မီးလောင်လို့ မြို့ကြောင် လက်ခမောင်းခတ်ခဲ့ဖူးပြီ။

အခုတော့- - -
မတ် ၂၀ ၂၀၁၃ သတင်းတစ်ခုက
ငါ့ကို မှင်သက်စေတယ်။
သတင်းတွေ တစ်ခုပြီးတစ်ခု
ဖုန်း Callတွေ တစ်ခုပြီးတစ်ခု
မိတ္ထီလာသားတွေအားလုံး Online ပေါ်မှာ
အောင်ပန်းက မြို့ဂျာ
ဘိတ်က အင်ဂျင်နီယာ
ဘန်ကောက်က ငါ့ညီအစ်ကို
ရန်ကုန်က ရဲတပ်ဖွဲ့ဝင်
အမေရိကန်က ငါ့ဆရာမ
တောင်တွင်းက ကဗျာဆရာ
မန္တလေးက အရာရှိ
မိုးညှင်းက ငယ်ပေါင်း
စင်္ကာပူက ကျောင်းနေဘက်
ကျိုက်ဝိုင်းရောက် အယ်ဒီတာ
ခြေဆန့်နေတဲ့ မျိုးချစ်အစ်ကို
မိတ္ထီလာက ကျုရှင်ဆရာ
ရခိုင်သား တစ်ဖြစ်လဲ ငါတို့
ပြီးတော့ ပြီးတော့- - -
သွေးတွေ ဆူပွက်ကုန်ကြ
သာသနာ နဲ့ လူမျိုး အတွက်
ငါတို့အားလုံး ကျည်ထိုးပြီး အသင့်
ငါတို့အဖြစ်က
ရှေ့တန်းထွက်နေတုန်း
အလစ်အငိုက် နောက်တန်း မလုံသလိုမျိုး။

လူမမယ် ကလေး ၄ယောက် နှင့်
အဖိုးအို ငါ့မိသားစု
ကိုယ်စီးတဲ့ မြင်း ကိုယ်ပြန်လန့်နေရသလို
မိတ္ထီလာကို လန့်နေရပြီ။
မိသားစု ရဲ့ သောကဟာ
ငါ့ရင်ကို တုန်စေခဲ့ပြီ။
ငါ့သွေးကို ပိုဆူစေခဲ့ပြီ။

မောင်းကို ထုပါ ၊ လူုစုပါ လို့
အသက်ကို ရင်းခဲ့တဲ့ ကိုဖိုးထောင်
ဒီဘ၀ ဦးသောဘိတ(ဟံစား) အဖြစ်
လူကို ခွေးသတ်လို့ ပျံလွန်တော်မူခဲ့ပြီ။
ဒါပေမဲ့ - - -
အရှင်ဘုရားဟာ
ငါတို့ သာသနာအတွက် ဥသြသံ ဖြစ်ခဲ့တယ်။
အချက်ပြ မောင်းသံ ဖြစ်ခဲ့တယ်။

ငါတို့ဆရာ မြတ်ဘုရားကား
အယူမတူသူ တိတ္ထိဆရာကြီး ၆ ဦးကို
ရန်သတ္တုမပြုခဲ့သလို
တိတ္ထိတို့ရဲ့ စကား- - -
ငါတို့ တန်ဖိုးထားခဲ့ကြ။
“ရှင်ကြီး ဂေါတမ လာနေပြီ ၊ ဆိတ်ဆိတ်နေကြ
ရှင်ကြီး ဂေါတမက ဆိတ်ဆိတ်နေခြင်းကို နှစ်သက်တော်မူဧ။်” တဲ့။

ငါတို့ရင်မှာ ငါတို့ပန်းပွင့်ခဲ့ရင်
မင်းတို့ရင်မှာ မင်းတို့ပန်းပွင့်နိုင်စေ။
ငါတို့မြေမှာ နေ
ငါတို့ရေကို သောက်
ငါတို့ပန်းကို နင်းခြေရင်
ဟင်း-
ငါတို့ ချွေးရဲရဲ ၊ ငါတို့ သွေးရဲရဲ
ငါတို့ သာသနာ ၊ ငါတို့ လူမျိုးအတွက်
မိတ္ထီလာ ဥဒါန်းဟာ
၂၀၁၃ မှသည် ---ကမ္ဘာတည်သမျှ တည်တံ့စေ။

မောင်နေပြာ
၂၆-၃-၂၀၁၃


Feb 6, 2014

ရှင်မရေ ....

ရှင်မရေ ....
ငါ ... ခရီးထွက်ရမယ်
အမျိုးသားမီးရှူးတန်ဆောင်ကြီးမငြိမ်းဖို့အတွက်
ငါဟာ
လောင်စာဖြစ်ချင်လဲ ဖြစ်လိမ့်မယ် ...
 ကျေးဇူးပြုပြီး မင်းမငိုပါနဲ့ ။
ငါ့ရှေ့က
ပေးဆပ်နှင့်သူတွေအတွက်
တို့တွေ ...
အားနာဖို့သင့်တယ် ။
ဓမ္မစကူးတွေဖွင့်ဖို့ ရံပုံငွေလိုနေတယ်တဲ့ ...
အပူပါနဲ့ ညီနောင်တို့ရယ် ....
ကျုပ်တို့မှာ စပွန်ဆာ ...
ဘတ်ဂျက်မရှိပေမယ့်
အိမ်ထောင်ဦးလက်စွပ်ကလေးရှိပါသေးတယ် ။
တို့သားသမီးတွေ
နောင်ရေးအတွက်
အမျိုးသားရေးတိုက်ပွဲကြီးမှာ
ရှယ်ယာဝင်လိုက်ကြတာပေါ့ ရှင်မရယ် ။
အမျိုးသားရေးသမားဆိုတာ
ထိုင်မသိမ်း၊ ယောပုဆိုးနဲ့
လူတောတိုးရမယ့်အရေး
သေရမှာထက်တွေးကြောက်တဲ့သူတွေ
လူမြင်ကွင်းမှာ လက်ခုပ်တီးခံရဖို့ထက်
ကွယ်ရာမှာ အဖမ်းခံလိုက်ရတာက
ငါတို့ကိုယ်တိုင်ရွေးတဲ့လမ်းပါ ။
မြန်မာတွေရဲရဲတောက်တယ်ဆိုတာ
ပန်းတွေနဲ့ ပေါက်ခဲ့ရတာမဟုတ်ဘူး
သမိုင်းနံရံမှာ နှလုံးသားတွေနဲ့ပစ်ပေါက် ....
သွေးတွေ ...
သွေးတွေနဲ့ လမ်းဖောက်ခဲ့ရတာ ။

မိုးစက်နီ
ဇူလိုင် ၂၅၊ ၂၀၁၃ ခုနှစ်။

Feb 3, 2014

ကမ်းဝေးအိပ်မက်

တိတ်တဆိတ် ရောက်လာသတဲ့

ကံကြမ္မာ----
ကိုယ်က ဆံဆည်းခြင်း မီးတိုင်ဖြစ်မှ
သူက လေထန် လှိုင်းကြမ်းညဖြစ်ရဲ့

မျှော်လင့်ခြင်းကိုပဲ
ဆုံးမချုပ်တည်းရ----

ကိုယ်ကိုယ်ကို
အနွေးထည် တစ်ခုလို ခေါက်သိမ်း
ဆောင်းရာသီစိမ်းကို နှုတ်ဆက်----

နှလုံးသားရဲ့ အငိုမတိတ်လည်း
အပြုံးများနဲ့ မြိုသိပ်ဆဲပေါ့----

ယုံပါ----
လမင်းဟာ
နေ့ခင်းကို အမှောင်ချဖို့
တစ်ခါမှ မကြိုးစားခဲ့ပါဘူး----။ ။

နီဝင်းချို

(သနပ်ခါးရည်ကျဲ ပါးနီထဲ---မှ)


An Offshore Dream

Said it arrived silently.

Fortune is----
Only after I’m the lamp post for meeting,
he is wuthering and billowing night.

Only expectation
Is chastened and refrained.

I myself
Fold and keep, like a jacket
Farewell to unfamiliar winter.

Although the heart doesn’t stop crying
I keep myself smiling.

Do believe!
The moon has
Never tried to make
The day darkens

Trs: Mg Nay Pyar (/font)

Feb 2, 2014

မီးခလုတ်

တစ်ဖက်ကအဖွင့်
တစ်ဖက်ကအပိတ်
ဖိနှိပ်လိုက်ရုံနဲ့
ဖျတ်ခနဲ လင်းပွင့်သွားစေသလို
ရုတ်တရက်
အမှောင်ကျသွားနိုင်ရဲ့ မိတ်ဆွေ...
ခင်းဗျားရောက်နေတဲ့နေရာက
အလင်းလား
အမှောင်လား
မှန်မှန်ကန်ကန်နှိပ်မိဖို့တော့လိုတယ်။

အောင်ကိုကိုလတ်(တမူး)

၃၀.၁.၂၀၁၄