Apr 19, 2013

ပုံဆွဲကြရအောင်

ခဲတံချွန်ပြီးပြီ။
ကျောင်းသင်္ခမ်းပုံ ဆွဲချင်ဆွဲ
ဝတ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ။

ဒီမြေမှာ
ဓား၊လှံတွေ ကြဲချင်ကြဲ
ချိုးငှက်တွေ ဝဲလိုဝဲ
သဘောပဲလေ။

စိတ်ချ ကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေ မကြည့်လို့
သူရဲဘောကြောင်တယ် မစွပ်စွဲဘူး။

ဒါပေမဲ့ ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ်လက်မှတ်တော့ ထိုးရမယ်။

မင်းကိုနိုင်
၁၃-၂-၁၂ (သမိုင်းမြို့မ ကျောင်းတိုက်)

၁၃၇၄------------>၁၃၇၅

ငါတို့

နှစ်သစ် တစ်ခုဆီရောက်သွားပြီ

ရှေ့ ဘာတွေဖြစ်ဦးမလဲ

ဘာတွေပျက်ဥိးမလဲ

ဘယ်သူတွေက စောင့်ကြည့်ပြီး

ဘယ်သူတွေက စောင့်ကြည့်ခံရမှာလဲ

ဘယ်သူတွေက ရက်စက်ပြီး

ဘယ်သူတွေက ကြေကွဲမှာလဲ

ဘယ်သူတွေက ပြုံးပျော်ပြီး

ဘယ်သူတွေက ငိုနေမှာလဲ

......................................

....................................။

ဘာတွေဘယ်လိုပဲဖြစ်ဖြစ်

ရင်ဘတ်ချင်းဆက်နွယ်နေတဲ့

ငါတို့ရဲ့လက်တွေနဲ့........ထု ဆစ် လို့ ရတယ် ။ ။

(သူငယ်ချင်းများ အတွက်)

တိမ်မင်းလွင်(မုံရွာ)

Apr 6, 2013

Livestock for House Hold

(ကို) သစ္စာ ရဲ့ နောက်ထပ်လက်ရာ တစ်ခုပါ

Apr 4, 2013

သစ္စာ ရေးဆွဲထားသော Inlay Project အတွက် Logo

သစ်တောတက္ကသိုလ်က အပေါင်းအသင်း သစ္စာ ရေးဆွဲထားသော Inlay Project အတွက် Logo