ခဲတံချွန်ပြီးပြီ။
ကျောင်းသင်္ခမ်းပုံ ဆွဲချင်ဆွဲ
ဝတ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ။
ဒီမြေမှာ
ဓား၊လှံတွေ ကြဲချင်ကြဲ
ချိုးငှက်တွေ ဝဲလိုဝဲ
သဘောပဲလေ။
စိတ်ချ ကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေ မကြည့်လို့
သူရဲဘောကြောင်တယ် မစွပ်စွဲဘူး။
ဒါပေမဲ့ ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ်လက်မှတ်တော့ ထိုးရမယ်။
မင်းကိုနိုင်
၁၃-၂-၁၂ (သမိုင်းမြို့မ ကျောင်းတိုက်)