ငါတို့
နှစ်သစ် တစ်ခုဆီရောက်သွားပြီ
ရှေ့ ဘာတွေဖြစ်ဦးမလဲ
ဘာတွေပျက်ဥိးမလဲ
ဘယ်သူတွေက စောင့်ကြည့်ပြီး
ဘယ်သူတွေက စောင့်ကြည့်ခံရမှာလဲ
ဘယ်သူတွေက ရက်စက်ပြီး
ဘယ်သူတွေက ကြေကွဲမှာလဲ
ဘယ်သူတွေက ပြုံးပျော်ပြီး
ဘယ်သူတွေက ငိုနေမှာလဲ
......................................
....................................။
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ရင်ဘတ်ချင်းဆက်နွယ်နေတဲ့
ငါတို့ရဲ့လက်တွေနဲ့........ထု ဆစ် လို့ ရတယ် ။ ။
(သူငယ်ချင်းများ အတွက်)
တိမ်မင်းလွင်(မုံရွာ)