ဒီပွဲမှာ ပေးလိုက်ရတဲ့ အသက်က
တကယ်တန်ရဲ့လား မေးကြည့်ချင်တယ်
ကိုယ်ချင်းစာတရားဆိုတာ
ပြတိုက်ထဲ လှလှပပ နေရာယူထားတဲ့
သမိုင်းဝင် ပစ္စည်းတစ်ခုလား
မခံချင်စိတ်နဲ့ ဝေ့တက်လာတဲ့ မျက်ရည်
မသုတ်ပါရစေနဲ့တော့
နာကျင်ခံခက်စွာ သွေးတွေဗလောင်ဆူတယ်
ဆုတောင်းပါတယ်
နောက်တစ်ခါ အလှည့်ကျတဲ့
ကံဆိုးသူ မျက်နှာမွဲလေးတွေ ထပ်မရှိပါစေနဲ့တော့
ဆုတောင်းပါတယ်
လုပ်ကြံအမြတ်ထုတ်တဲ့ စိတ်ဓာတ်တွေနဲ့
ဘယ်ဘဝမှာမှ ပြန်မဆုံဖို့
ဆုတောင်းပါတယ်
မသိချင်ယောင်ဆောင်မယ့်
စာနာမဲ့ လူတစ်စုနဲ့ဝေးဖို့
အပယ်ခံလူသားတို့ ငြိမ်းချမ်းဖို့
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဘဝအဆက်ဆက်------။ ။
ယောလုံမေ
တကယ်တန်ရဲ့လား မေးကြည့်ချင်တယ်
ကိုယ်ချင်းစာတရားဆိုတာ
ပြတိုက်ထဲ လှလှပပ နေရာယူထားတဲ့
သမိုင်းဝင် ပစ္စည်းတစ်ခုလား
မခံချင်စိတ်နဲ့ ဝေ့တက်လာတဲ့ မျက်ရည်
မသုတ်ပါရစေနဲ့တော့
နာကျင်ခံခက်စွာ သွေးတွေဗလောင်ဆူတယ်
ဆုတောင်းပါတယ်
နောက်တစ်ခါ အလှည့်ကျတဲ့
ကံဆိုးသူ မျက်နှာမွဲလေးတွေ ထပ်မရှိပါစေနဲ့တော့
ဆုတောင်းပါတယ်
လုပ်ကြံအမြတ်ထုတ်တဲ့ စိတ်ဓာတ်တွေနဲ့
ဘယ်ဘဝမှာမှ ပြန်မဆုံဖို့
ဆုတောင်းပါတယ်
မသိချင်ယောင်ဆောင်မယ့်
စာနာမဲ့ လူတစ်စုနဲ့ဝေးဖို့
အပယ်ခံလူသားတို့ ငြိမ်းချမ်းဖို့
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဆုတောင်းပါတယ်
ဘဝအဆက်ဆက်------။ ။
ယောလုံမေ