May 2, 2013

မြန်မာတိုင်းရင်းသားလူမျိုးများ

မြန်မာတိုင်းရင်းသားလူမျိုးများ

ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း 

ကချင် လူမျိုးစု  ၁၂ မျိုး


(၁) ကချင် Kachin
(၂) တရုမ်း Taron 
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guari
(၆) ခခူ Hkahku
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(9) ရဝမ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu

ကယား လူမျိုးစု  ၉ မျိုး 


(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် YinBaw

ကရင် လူမျိုးစု ၁၁ မျိုး 


(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)

ချင်း လူမျိုးစု  ၅၃ မျိုး 

(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အဝခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ဝါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu

ဗမာ လူမျိုးစု  ၉ မျိုး 

(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon

မွန် လူမျိုးစု  ၁ မျိုး 

(၉၅) မွန်

၇ခိုင် လူမျိုးစု ရ မျိုး

(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet

ရှမ်း လူမျိုးစု  ၃၃ မျိုး

(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကွီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅) ၀ Wa

ခွေးရှင်တို့ ခွေးဝင်လျှင်ရိုက်ခွင့်ပြုကြပါ

ပြည်ကြီးကသာ ဘယာကကင်း ရိုးဖြောင့်စင်းကြောင့်
ချင်းချင်းလေးစား အရေးထားလျက်
တံခါးမပိတ် ဓားမချိတ် အိမ်သားအားလုံးအိပ်ကြသည်။

လူချင်းမှာသာ ယုံရပါလည်း
ရွာမှာပင်မွေး ရွာဝင်ခွေးက
မွေးရုံသာမွေး မပေးကြွေး
ခပ်အေးအေးသာလွတ်ထားရွေ့
ကျွေးကားကျွေး၏ ဝမ်းပြည့်မရ ဝမ်းမဝ
မလှပိန်ချည့်ရှိနေရွေ့။

ထိုသည့်အခြေ ထိုအနေကြောင့်
လူခြေတိတ်ဆိတ် လူတို့အိပ်လျှင် တိတ်တိတ်ဝင်
ခိုးငင်စားရမြဲ။
ခိုးသားမကျ ပါးမဝကြောင့်
ဖွဖွအခင်း နင်းတချွတ်ချွတ် မြည်သံလွှတ်မို့
နားမွှတ်ကင်းပါး ထင်းထင်းကြားသည့်
အိမ်သားအားလုံး ပျားပိတုံးလျှင်
အုန်းအုန်းကျွတ်ကျွတ် တုတ်ဓားခွက်ဖြင့်
လက်ရောက်သူ့ခွေး မိုက်ညစ်ထွေးကို
ဒဏ်ပေးသောငြား ရိုက်ပုတ်ညား
ခါးဝယ် ဒဏ်ရာရစေပြီ။

နံနက်ရှုခင်း လင်းမလင်းသေး
ခွေးခင်းပိုင်ရှင် နောက်အိမ်စဉ်က
လျင်လျင်ခေါက်ခေါက် တို့အိမ်ပေါက်ဝယ်
တောက်လျှောက်လာသွား မှုစကား
အော်လား ဟစ်လား ပြောတော့သည်။

အရေးပေါ်ဆေး ခွေးလျော်ကြေး
ဟစ်အော်ကြွေးရွေ့ တောင်းတော့သည်။

ခွေးအခွင့်ရေး ပေးလျှင်ပေး မပေးတရားစွဲတော့မည်
ကိုယ့်အိမ်ဝင်ကျယ် ခွေးမဖွယ် တုတ်ပင်မရွယ်ရဲ
ကိုယ့်အိမ်ဝင်ခိုး ထိုခွေးဆိုး တုတ်ပင်မမိုးရဲ
ကိုယ့်အိမ်ဝင်အောင်း ခွေးသယောင်း မောင်းပင်မမောင်းရဲ။ ။