Jul 24, 2012

မန္တလေး



ပါရာဒိုင်း အရွေ့မှာ
ယဉ်ကျေးမှု အဟောင်း မပြောင်းတဲ့နေရာ
ခဏခဏ မွှေးကြူခံရပေမယ့်
ရနံ့မပြယ်သေးတဲ့ အညာမြို့တော်
မဟူရာညအဝင်
အလင်းထုတ် ယန္တရားတွေက
စံပယ်တွေ ပိုးစိုးပက်စက် ကျဲပက်သလို
လဟာပြင်ပြည့်တယ်
ငါမွန်းကျပ်တယ်။  
ညတွေက အိပ်ချိန်စားချိန် မှန်လို့
အဖြေမရသေးတဲ့ ချစ်သူကို တွေ့ရတိုင်း
ရင်ခုန်တတ်တဲ့
ဆယ်ကျော်သက် ကောင်လေးတစ်ယောက်လိုမျိုး
အိမ်ပြေးပြီး ပြန်ရောက်လာတဲ့သားကို
အမေက ပွေ့ဖက်သလိုမျိုး
ငါ မန္တလေးထဲ နစ်ဝင်သွားတယ်။     ။

မောင်နေပြာ

ရန်ကင်းအမက၊ဟိုပုံးမြို့။
၁၁၊၂၊၂၀၀၆   ၁၂း၃၀