Jul 24, 2012

ပက်လက်လှန် တံတွေးထွေး

ပက်လက်လှန် တံတွေးထွေး


ဘဝ ရေကပြင်က

ခံစားမှုတွေ လှိုင်းထ

နာကြည်မှုတွေ မုန်တိုင်းထန်ခဲ့။


ငါ့ကျောပိုးအိတ်ထဲမှာလည်း

လောဘ၊ဒေါသ၊မောဟ

လက်ဆောင်ထုပ်တွေပဲ

နောင်ဘဝ မိတ်ဆွေတွေအတွက် ရှိတယ်။


တံခွန်ကို မော့ကြည့်လိုက်

ဖုတ်ဖတ်ခါလိုက်

အိပ်ရေးလည်း ခဏခဏပျက်တယ်။


မေတ္တာရေမရောဘဲ ရောင်းတတ်သလား။

ခဲမှန်ခဲ့ဖူးတယ်

ဒါပေမဲ့

ငါဟာ

ပုံပြင်ထဲက စာသူငယ်လို မဟုတ်ဘူး။

ကြေမုံကို မြင်တော့

ငါ့မှာ “ခေါင်းမာခြင်း“လို့

ရေးထားတဲ့ခွေးသေပုတ်

လည်မှာ ချိတ်ဆွဲလို       ့

အဲ….. ငါ ဘယ်လိုပြောရမလဲ။   ။


မောင်နေပြာ


ဟိုပုံးမြို့