Jun 5, 2015

Parting Time

The day you said goodbye
There's no place to pass by
My world is slowly dying
My heart can't stop crying
The time you walk away
My life seems no way
Every time I'm missing you
And thinking about you

The day you said goodbye
I stop to hate a guy
Cause the pain that you leave
Is not easy to relieve
I want to hold you tight
Everything will be alright
Please stay by my side
Guide me to my entire hide

The day you said goodbye
My world seem to die
The time I want to cry
The moment I want to die
The wounds that you healed
You also make them bleed
Makes it hard to breathe
Like I'm near to death

Jocelyn Garcia


Mar 12, 2015

တောစေ◌ျးနေ့ (၂)

အရီးမြ ခများလာအုံးမှာလား
ကျုပ်က နောက်တစ်ကြောင်းပြန်ထွက်ရအုံးမှာ
ထော်လာဂျီထောင်စားပြီး
ငါးရက်မှ တစ်ဈေး တစ်ဈေးမှ တစ်ကြောင်းဆို....
စဉ်းစားအုံး ကိုက်ဖူးလေဗျာ ။
ဟော့ဒီ့က ဟင်းရွက်စုံ
....ဟဲလို
အေး ထွေးခင် ကျုပ်ရယ် နှင်းမြ
မနေ့ကဘာထွက်လဲ
ကျုပ်လဲ ဘယ်သိမတုန်း
အေးပါ
ညည်းမှာတာမမေ့ပါဘူး
တယ်လီနောတစ်ထောင်တန်ငွေကဒ်မို့လား......
....
ဒီကတ်ကြမ်းက ဘယ်သူ့ဟာလဲဟေ့
ဒီနေရာ တစ်သက်လုံးငါထိုင်ရောင်းလာတာ အိုသေတော့မယ်
ဘယ်သူတုန်း....လာခင်းထားတာ
မိအေးတဲ့ တအေးထဲရှိတယ်
ဂရုမစိုက်လို့ ရွာကနေတစ်ယောက်တည်းဈေးလာရောင်းတာ
လာမစမ်းနဲ့ ...
...
ညိုမြရေ....
နင့်တွန်းလှည်းအားရင် ရွာကားသွားစောင့်ချေ
ခရမ်းသီးနှစ်အိတ်ဒီယူခဲ့
အရင်တစ်ပါတ်ကဟာနဲ့ပေါင်းမှတ်ထား
မြန်မြန်သွား နင့်ပထွေးစည်ပင်က ရတာမှုတ်ဘူး
မြတ်တာနည်းနည်း
သူတို့မြိုဖို့ ဆို့ဖို့ ပေးရသေးတာရယ် ။
.......
ဟဲ့ကောင်
ဆိုင်ကယ်အပ်ခ တောင်းနေရအောင်
ငါ ဘာကောင်တုန်း မသိဘူးလား
အရှေ့ရွာ သကြီးဆီက အပ်ခ တောင်းတယ် ဟတ်လား
မင်းသေချင်ပြီနဲ့......တူတယ် ။
......
ထပ်ထည့်အုံးတော် တော့ဟာ
အဆီချည့်ပဲ
အဲ့ဒါဆို အသားဈေးပေးလေ အစ်မ
အို အသားဈေးတော့ဘယ်ပေးမလဲ
ဒါပေမယ့် အဆီလျှော့ထည့်အေ ညည်းဟာ...
ဒုန်း......
.....
ကွာနေတာတွေ ကပ်သွားမယ်
ပေါက်နေတာတွေ ပိတ်သွားမယ်
ပြဲနေတာတွေ စိသွားမယ်
..
ဟော့သမှာ.....တိတ်
တစ်ရာဖိုးနဲ့ အဖာအမျိုးမျိုးလုပ်ပေးမယ့် တိတ်ဗျာ။
.........
သုံးချပ် တစ်ထောင်
သိုင်းကား လက်ဝှေ့ကား စစ်တိုက်ကား
မင်းသားကြီး ဘရုဝီဆီ ရဲ့. ဒိုင်း ဟတ်......အတွဲလိုက်ဗျာ
ဂျက်ကီချန်းရဲ့ ပူးလစ်စ်စ် စတိုရီ အတွဲလိုက်ဗျာ
ကြိုက်တာယူ သုံးချပ်တစ်ထောင် ဗျာ
အစ်ကို....အဲ့ကားတော့ မပါဘူးခင်ဗျ.....
.........
ထမင်းတော့ ပါလာတာပဲ
ညည်းလည်းထမင်းပဲပါလာတာလား
အကြော်လေးဝယ်လိုက်တာပေါ့
ဟဲ့ မိထွေး နေ့လည်စာ စားတော့မလား
ဟုတ်ကဲ့ အစ်မယူလေ ဂန္ဓမာကတစ်စည်း ၅၀၀ အစ်မ
.......
ရောင်းမကောင်းဘူးဟယ်
ငါ့စက်ဘီးပေါက်သလားမသိဘူး လေလျော့နေတယ်ဟဲ့
နင်းပြန်ရမှာ လေဆန်ကြီးမဟုတ်ပါစေနဲ့တော်
ညကျ စကိုင်းနက်က ဇာတ်ကားကောင်းရင်လှမ်းအော်အုံးနော်
ညနေဘာထွက်သွားလဲဟ
ထော်လာဂျီမစောင့်ရင်တော့ ဒုက္ခတော်ရေ
ရွာပေါက်ထိဆို လိုင်းကားတွေက သုံးရာတောင်းတာ
.......
.......
.......
အဲ့သလိုနဲ့
ဒီနေ့ဟာ ငါးရက်တစ်ဈေးနေ့
တောဈေးနေ့
ရွာသူတွေစုံတဲ့နေ့
မလယ်မဝယ်နဲ့ ငါလူလည်ပုံဖမ်းတဲ့နေ့
ဒီကနေ့
မိုးလင်းကမိုးချုပ်
ထမင်းတစ်လုတ်အတွက် ဗျာများ
ခြေဖျားပေါ်နဖူးကချွေးရွှဲနေအောင်ကျ
ဒီအလှ
ဒီည
ဒီဘဝတွေကိုပဲ ခင်မင်
ရွာပြန်အဝင်မှ ခဏနား
ဘယ်နှစ်ခါ ခါး ခါး စေအုံးတော့
ကိုယ်တွေ မှာ နေပျော်ပျော်
ကိုယ်တွေမှာ သေပျော်ပျော်
ဒီကွေ့မှာ ဒီတက်နဲ့လှော်
ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်
တက်မရှိ လက်နဲ့လှော်
.......
........
ဈေးတံခါးပိတ်ပြီ
ငါးရက်တစ်ဈေး ကုန်ခဲ့ပြီ
ဟဲ့ နှင်းမြ ပြန်မလိုက်သေးဘူးလား
.....
မလိုက်သေးဘူး
ကျန်တာလေး ညဈေးမှာဆက်ရောင်းလိုက်အုံးမယ်
ကိုထွန်းခင်ကိုပေါင်းထိုးကပြန်လာရင်
ထမိုးတစ်လုံးတည်ထား လို့ပြောလိုက်
ကျုပ် မိုးချုပ်မယ်။ ။။။။။

ဒီနေ ၁၂ ၃ ၂၀၁၅

Feb 13, 2015

ရင် တုန် ရမဲ့ ရုံတင်ထားတဲ့ ရုပ် ရှင်

ပိတောက်စကား
ခြောက်ကဘ္မား ။

တစ်ယောက်တည်းသွားနေတယ်
တစ်ယောက်တော့ သွားတော့မယ် ။

ငါ မကြည့်ချင် ဘူး ။

သုသစ်

လမ်းဆုံ

အဲဒီမှာ
မြက်ချုံထူတဲ့ လမ်းကလေး
ရင်ကွဲပက်လက် ရှိနေရဲ့။
ခြေရာများနောက်
ခြေရာကောက်လိုက်သူဟာ
အဦးဆုံး မရောက်တဲ့ ခြေထောက်ပိုင်ရှင်များ ဖြစ်ကြတယ်။
ခေါင်းထောင်နေတဲ့ မြက်ချုံတွေက
လမ်းဆုံမှာ ရပ်နေတဲ့
ခြေတံရှည်များကို စောင့်မျှော်နေကြတယ်။ ။

မင်းစစ်အိမ်

(သနပ်ခါးရည်ကျဲ ပါးနီထဲ ---မှ)

Junction


There
Pathway which is bushy
Feel deep desolate.

Track followers
Of first foot-prints
Are the owner of not winner-up feet
The erect shrubs
Greatly expect nice feet,
Standing at the junction.

Trs: Maung Nay Pyar.

ชุมทาง


บนทางแยก
เส้นทางที่รกร้างเต็มไปด้วยแมกไม้
รู้สึกเดียวดายอ้างว้าง

ตามเส้นทาง
ตามรอยเท้าที่เหยียบย่ำ
คุณไม่ได้เป็นคนแรก

ตรงพุ่มไม้
ยังมีรอยเท้าที่สวยงาม

ยังคงมีอยู่ตรงทางแยก


Tran: One Khon Thai ( from English)