Jun 20, 2016

ဓားအိမ်

-အဲ့ဒီ အနှောင့်မလွတ် အသွားမလွတ် ဇာတ်ထုပ်ကို

တမင်လုပ်တာ မဟုတ်ပါဘူး

ရှင်သန်နေရတဲ့ ဘဝ ကိုက

ကျဉ်းကျပ်လွန်းခဲ့တာပါ ။

- ထက်မြမှု ဆိုတာတွေက

ကိုယ့်အိမ်ကိုယ့်ရာလို အတည်တကျနဲ့

သိုက်မြုံတွေ မလှမပ ဖွဲ့လို့ ။

- ဝင်လိုက်ထွက်လိုက် ရိုက်ချက်ပြင်းပြင်းတွေအောက်

ဖန်တရာတေအောင် လျှောက်ခဲ့သမျှ

ပွင့်ခွင့်မရဘဲ ကြွေ , ကြွေကျ

ကြာတော့

အခန်းထောင့်က အိပ်ဖန်စောင့်သာသာ ကြတ်ခိုးတွေလို

ဘဝဟာ ဟန်ပြ သက်သက်နဲ့

အက်ရှ ကြေကွဲ ခဲ့ရပေါ့ ။ ။

မောင်ယုယ

Oct 22, 2015

ကျွန်တော့်ကိုနှိမ်ပါ

အဖိအနှိပ်ခံဘက်မှရပ်ပြီး အမြဲတမ်း

အခမဲ့ အတိုက်အခံ လုပ်ပေးတတ်ခြင်းကြောင့်

ကျွန်တော့်ကိုနှိမ်ပါ



လိုရာခရီးကို လမ်းရိုးမှလိုက်တတ်ခြင်းကြောင့်

ဦးချိုမှ နို့ညှစ်ချင်သူများ

(ကိုလံဘတ်စ် မပါ)

ကျွန်တော့်ကိုနှိမ်ပါ



စာအုပ်ကောင်းများကို ရွေးချယ်ဖတ်ပြီးမှ

တွေးတတ်ခေါ်တတ်သူ ကျွန်တော့်အား

(စာမဖတ်ဘဲ) အလိုအလျောက် တွေးတတ်ခေါ်တတ်နေသော

နေရာတကာအိတ်စပတ်များ

ကျွန်တော့်ကိုနှိမ်ပါ



ဘီကီနီဝတ်စုံနဲ့ မယ်စကြဝဠာ ပို့စ် အမျိုးမျိုးနဲ့

လာစွဲဆောင်လည်း စိတ်လာချင်မှ လာမယ်

ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ



အက်ရှဘရီနဲ့ ဘန်းစတိုင်း အထာကြီးကြီးကိုင်နေလည်း

စိတ်လာချင်လာမိမယ်

ဒီအတွက် ကျွန်တော့်ကိုနှိမ်ပါ



အညှောင့်ထွက်စကလောင်တွေရဲ့. လက်ရာတစ်ချို့ကို

ဆင်ကလောင်များ၏ လက်ရာတစ်ချို့ထက် ကြိုက်နှစ်သက်မှုအတွက်

ကျွန်တော့်ကိုနှိမ်ပါ



ကျွန်တော်သည် မိမိဘယ်လောက်ထိရှော်ကြောင်း

ဂဃနဏသိရှိရန် ကြိုးစားအားထုတ်နေသော

လူရှော်တစ်ယောက်သာ ဖြစ်ပါသည်



ထို့ကြောင့် မိမိကိုယ်မိမိ လူတော်ဟု အထင်ရှိနေသော

လူတော်အပေါင်းတို့

ကျွန်တော့်ကို နှိမ်ကြပါ။



ဆေးခါး

22.10.2013


5:30 p.m(TDI)

Sep 24, 2015

သမ္မတကြီးဖတ်ဖို့

ငါတို့မှာ ရှားရှားပါးပါး

သမ္မတကြီး တစ်ယောက်ရှိတယ်
သမ္မတကြီးရဲ့
"မိဘပြည်သူများခင်ဗျာ" ဆိုတဲ့မိန့်ခွန်းမှာ 
ငါတို့အသားတွေပဲ့ပါသွားတာ
သမ္မတကြီး မသိရှာဘူး 
ငါတို့သမ္မတကြီးဟာ ကဗျာမဖတ်
ကဗျာမရေးတတ်တော့ 
ငါတို့ကိုနွားနို့အတင်းသောက်ခိုင်းတယ် 
တကယ်တော့ 
သမ္မတကြီးဟာ ရိုးသားရှာတယ်တဲ့
ငါတို့ကျောင်းသားပြည်သူတွေ
အကြမ်းဖက်ခံရတော့ 
ငါတို့ သမ္မတကြီးဟာ 
ငါတို့ဘက်က မရပ်ခဲ့
သမ္မတကြီးဟာ 
ငါတို့ကိုကြည့်ပြီး ရုံးခန်းထဲ
တရှု ံ့ရှု ံ့သွားငိုနေတယ်တဲ့
ငါတို့သမ္မတကြီးဟာ တကယ်တော့ 
ငါတို့ကိုချစ်ပါတယ်
ကျောင်းသားတွေနိုင်တော့
သမ္မတကြီး မဝတ်ခဲ့တဲ့မျက်နှာဖုံးဟာ
ရက်ရက်စက်စက် ကွာကျသွားခဲ့တယ် 
ငါတို့ဟာ သမ္မတကြီးကိုအားနာမိကြရဲ့
သမ္မတကြီးဟာ 
ငါတို့ကို အကာအကွယ်မပေးနိုင်ပေမယ့်
ကတိကဝတ်တွေကိုတော့
အထပ်လိုက်အထပ်လိုက် ပေးခဲ့တယ် 
ဒါဟာ သမ္မတကြီးရဲ့ 
အတတ်နိုင်ဆုံးစွမ်းဆောင်ရည်ပါပဲ 
ဒါဟာ သမ္မတကြီးရဲ့အနုပညာပါပဲ
ငါတို့နိုင်ငံရဲ့ဥပဒေဟာ 
ငါတို့အတွက်မဟုတ်ကြောင်း
သမ္မတကြီးဟာ မသိခဲ့ရှာဘူး
ငါတို့မျက်ရည် ငါတို့အသံကို
သမ္မတကြီးဟာ
မကြားနိုင်ရှာပါဘူး
အလိုမတူဘဲလက်ထပ်လိုက်ရတဲ့
သတို့သမီးရဲ့ပထမဆုံးမင်္ဂလာ ဦးညလို 
ငါတို့ဟာ ညစဉ်ညတိုင်း
ဖြတ်သန်းနေရ 
ငါတို့မြေကို 
ငါတို့ဟာ ပိုင်ဆိုင်ခွင့်မရ 
ငါတို့ပညာရေး 
ငါတို့ကျန်းမာရေး 
ငါတို့စီးပွားရေး...
စစ်ရေးအမြင်ရှိတဲ့ သမ္မတကြီးဟာ 
ငါတို့လိုအပ်ချက်တွေ
ဖြည့်ဆည်းမပေးနိုင်ပါဘူး
သမ္မတကြီးဟာ ရုပ်သေးရုပ်
သမ္မတကြီးဟာ ကြိုးကိုင်သူ
သမ္မတကြီးဟာ အာဏာရှင်
သမ္မတကြီးဟာ
မိုးပေါ်ထောင်မပစ်တတ်တဲ့စစ်သား 
သမ္မတကြီးဟာ ခရိုနီ
သမ္မတကြီးဟာ သောင်းကျန်းသူ
သမ္မတကြီးခင်ဗျား...
ဒါသမ္မတကြီးရဲ့ မဖြစ်နိုင်ချေရှိတဲ့ မိုးလေဝသပါ 
နားဆင်ပါ.. 
ဒါ ကျောင်းသားကဗျာဆရာတစ်ယာက်ရဲ့ 
အော်ငိုသံပါ သမ္မတကြီးခင်ဗျား...။



ဆလိုင်းမြတ်နိုးသူ

Jun 5, 2015

Parting Time

The day you said goodbye
There's no place to pass by
My world is slowly dying
My heart can't stop crying
The time you walk away
My life seems no way
Every time I'm missing you
And thinking about you

The day you said goodbye
I stop to hate a guy
Cause the pain that you leave
Is not easy to relieve
I want to hold you tight
Everything will be alright
Please stay by my side
Guide me to my entire hide

The day you said goodbye
My world seem to die
The time I want to cry
The moment I want to die
The wounds that you healed
You also make them bleed
Makes it hard to breathe
Like I'm near to death

Jocelyn Garcia