Apr 21, 2013

သစ်ပင်စိုက်ပျိုး ဝင်ငွေတိုး








by သစ္စာ

မင်းပြင်ရွာ

တောစိမ်း တောင်စိမ်း လယ်ကွင်းတွေစိမ်း
မြင်မြင်သမျှ စိမ်းစိုနေတဲ့
ပျဉ်းမနားအလွန် တောင်ပေါ်ရွာကလေး
အပူအပင်ကင်းမဲ့ စိတ်အေးလက်အေး
စိတ်အေးလက်အေး ရိုးမကြီးကို ခေါင်းအုံးအိပ်နေပုံ
အမေကသားကို စောင့်နေသလို----။

တောင်တွင်းမောင်မုန်းမာန်

အင်လျားကန်အနောက်ဘက်

နေဝင်တာ စိတ်မဝင်စားဘူး
ယာဉ်ကြောရှုပ်တာ မသနားဘူး
မွန်းကျပ်မှုတွေ ရဲ့ ဘဝထွက်ပေါက်
ဖိနှိပ်ခံရမှုတွေနဲ့ ပျောက်နေတဲ့လမ်း
ပခုံးလေး ဖက်ထားရုံပဲ
လက်ချင်းချိတ်ထားရုံပဲ
နောက်ပြန်မဆုတ်ကြေး
ခြေလှမ်းတွေရဲ့ ခရီး
သွေးတွေ ချင်းချင်းနီဆွေးခဲ့
ဖြူနေတဲ့လမ်းကလေး
ရဲဗလောင်းထသွားအောင်
ကြယ်တွေ-----တသီတထွေးကြီး ကြွကျခဲ့တဲ့နေရာ
လူတွေ မေ့မေ့လျော့လျော့ ဖြတ်လျှောက်နေကြတယ်။

နေပန်ဦး

Apr 20, 2013

အလွမ်းပြေ

ဖွဲ့နွဲ့စရာဆိုလို့
စပယ်ရုံလေး
ပွင့်လာတာရယ်

တိမ်သားထူထပ်မှုနဲ့
နာမည် ပြောင်းလိုက်တာက
လွဲလို့

အားလုံးဟာ
မနေ့က
အတိုင်းပါပဲလေ။ ။

ကိုဒြပ်