Apr 21, 2013

အင်လျားကန်အနောက်ဘက်

နေဝင်တာ စိတ်မ၀င်စားဘူး
ယာဉ်ကြောရှုပ်တာ မသနားဘူး
မွန်းကျပ်မှုတွေ ရဲ့ ဘဝထွက်ပေါက်
ဖိနှိပ်ခံရမှုတွေနဲ့ ပျောက်နေတဲ့လမ်း
ပခုံးလေး ဖက်ထားရုံပဲ
လက်ချင်းချိတ်ထားရုံပဲ
နောက်ပြန်မဆုတ်ကြေး
ခြေလှမ်းတွေရဲ့ ခရီး
သွေးတွေ ချင်းချင်းနီဆွေးခဲ့
ဖြူနေတဲ့လမ်းကလေး
ရဲဗလောင်းထသွားအောင်
ကြယ်တွေ-----တသီတထွေးကြီး ကြွကျခဲ့တဲ့နေရာ
လူတွေ မေ့မေ့လျော့လျော့ ဖြတ်လျှောက်နေကြတယ်။

နေပန်ဦး