Aug 15, 2012

မင်းပြင်

အဲဒီည
မြို့ပြနဲ့ဝေး
ကျေးလက်တေးကို
သံပြိုင်ဟစ်နေတဲ့
မျဉ်းပြိုင်ဒေသ……။

အထုတ်တမ်းလက်ပြပြီး
အလွမ်းလက်နှလုံးကျန်
ဆက်တိုက်မော့ရင်း
ဆူညံတဲ့
အညတရ ည……။

အသိတပဲသားကိုလှော်
ဝမ်းစာဆော်နံတဲ့
အခါတူးရဲ့
မပြိုပျက်တဲ့ ဘ၀…..။

ဘာမှ(ဘာမှ)
မမြိုးမြတ်ခဲ့ရတဲ့
ကျဉ်းတန်ပဌာန်တို့ရဲ့
တစ်ထွာဝမ်းက အပ……။

မောင်နေပြာ

(မင်းပြင်ဘူတာ အမှတ်တရ……)