ပန်းကို လိုချင်ရင် အပင်ကို ပျိုးရသတဲ့
ချို
ဘဝဇာတ်ကွက်တွေကို ကြိုတင်မမြင်ရတော့လည်း
ဘဝဇာတ်ကွက်တွေကို ကြိုတင်မမြင်ရတော့လည်း
နှင်းဆီကိုလိုလို့
အပင်ချိုးချင်ပေမဲ့
ဆူးကိုမကြောက်လည်း
ဝန်းကျင်စကားထောက်မှာ
စိုးရိမ်မိတယ်ချိုရယ်။
မင်းဝေးမှ နှင်းဆီကို လိုတာမဟုတ်
ဗုန်းကနဲ အချစ်က
သဘာဝဆန်သလိုဆို
အို ချိုရယ်!
ရင်မှာ မျိုသိပ်ထားရတယ်။
အရောင်တွေမက်၊ရနံ့တွေ စွဲကပ်တယ် ချို
သတ္တုသံတွေဝေး၊ မြို့ပြတေးတွေ မှေးနဲ့
ဟောဒီ တောတောင်တွေကြားက
မင်းဟာ ကိုယ့်အတွက် ဝေဠုဝန်မင်းသမီး တစ်ပါးပါ။
မေတ္တာမိုးပြင်း မရွာသွန်းချင်ရင်လည်း
သံယောဇဉ် မိုးနံလေးတော့ ပေးပါ ချို။
ဒီတော့
ပန်းလိုလို့ အပင်ချိုးခွင့် မရပေမဲ့
ရနံ့အမြိုက်တော့ ရူရှိုက်ခွင့်ပေးပါကွယ်။
မောင်နေပြာ