Mar 15, 2013

ရွေးချယ်ခွင့်

အရိပ်ဆိုတာ
ခိုဝင်လာသူ
လူထိုထိုတို့
ရင်ကိုအေးမြ
နွမ်းလျှပြေ။

အရိပ်ဆိုတာ
ခိုဝင်လာသူ
လူထိုထိုတို့
ရင်ကိုစိုးမိုး
ကြောက်စိတ်တိုးစေ
ခြိမ်းခြောက်နေ။

အရိပ်ဆိုတာ
ချိန်ခါထုထည်
ပိုင်ရှင်ရယ်ရှိ
သင်သိပါစေ
ခိုတတ်စေ။

မောင်နေမင်း(ရွှေတောင်)