Aug 12, 2012

လမ်းကလေး


ဖုံအထပ်ထပ်လမ်းကလေး
ရွက်ခြောက်တွေ ပြေးလွှား
ခြေရာများစွာကျန်ခဲ့တယ်
သေချာတာပေါ့
ကိုယ့်ဘာသာအမှန်တွေခြစ်လိုက်တာ။

ပခုံးသားကြွကြွလာတဲ့  လမ်းကလေး
မျက်ရည် နဲ့ဆေးလိုက်ကြတာ
တံလျှပ်က နေရောင်အောက်
ရိုးပြတ်တွေတောင်  ခုန်ပေါက်လို့
ကြောက်စရာပေါ့
ဘ၀ကို  အက်ဆစ်စိမ်ခံလိုက်ရတာ။

လမ်းအိုဟောင်းလေးရေ
ခြေရာတွေကို  တမ်းတပါနဲ့
ပခုံးသားတွေ  ကြမ်းချင်ကြမ်းပါစေ
မျက်ရည်တွေနဲ့  မဆေးချင်ပါနဲ့
ကိုယ့်ဘာသာ  အမှတ်ခြစ်ဖို့
အင်အားမဲ့နေတယ်။

လမ်းဟောင်းအိုလေးရေ
ငဲ့ညှာဖြစ်မယ်ဆိုရင်
နေ၀င်ဆည်းဆာလေး
ငေးချင်ပါသေးရဲ့ ။

  • မင်းသွေးနိုင်

A Small Pathway

A small dusty pathway
The dry leaves run, and
Many footprints remain on it
It is certain that
I tick myself the truth.

A small pathway whose
Sideways raise up is washed with tear
And under sunlight with mirage
Even the stubbles gambol
It is terrible that
Life is immersed in acid.

Oh! the aged pathway
Don’t yearn the footprints
If the sideways become rough or not
Don’t wanna wash with tear
I am unable
To tick myself the truth

Oh! The aged pathway
If sympathized
I wanna still gaze
The little twilight.

Transး Maung Nay Pyar