မေ့လျော့ခြင်းက
ဖဲ့ခြွေတိုက်စားခြင်းငှာ မစွမ်းသာသော
အိပ်မက်ကမ်းပါးလည်း မြဲမြံစေ
မေတ္တာ၏အသရေကိုတုပရန် နာမ၀ိသေသနများ
ချိနဲ့ယိုင်ရွဲ
သွားသည်အထိ
ကာယသင်္ခါရမှ ကင်းလွတ်နယ်မြေ
ချစ်ခြင်း၏ဈန်သမာပါသ်ဖြင့် နှလုံးအိမ်ကြည်မွေ့သာယာစေ။
အနမ်းရာထောင်ဥယျာဉ်တော်အတွက် ကိုယ်ရံတော်လေညှင်း
စောင့်ကြပ်မွှေးမြစေ။
သစ္စာအလင်းဖြင့်ဝတ်မှုံကူး၍
ပန်းပွင့်များကို ထွန်းညှိတောက်ပစေ
ဤမြေ၀သုန်ဝယ်
ရွှေသားသံယောဇဉ်နှောင်တဲသော
အဖန်ဖန်အောက်မေ့တသခြင်းတွင်
ပွင့်ဖူးသည့်
မြတ်နိုးမှုဝိညာဉ်သည် အဓွန့်ရှည်ကိန်းဝပ်တည်တံ့ပါစေသောဝ် ။
အောင်ထိုက်
အဆွေတော်
မောင်နေပြာတို့အား ရည်ညွှန်းလျှက်