Aug 11, 2012

သံပတ်နာရီ-၂၄

ပရ၀ဏ်ကျဉ်းလွန်းရဲ့
ဖွင့်ထားတဲ့တံခါးတွေ ပွင့်ရမှာထက်နည်းလွန်းရဲ့
စာအုပ်တွေ အတွေးကို ဒရွတ်ဆွဲသွားရဲ့
ပြီး…….
ခေါင်းအုံးနဲ့ မျက်နှာအပ်တဲ့အခါ
ပူးကပ်နေတဲ့ စိတ်တွေ အအိပ်ထဲ လွင့်ရဲ့
နိုးစက်က နားအုံးကို ရိုက်နှက်ဖို့ရာ
အမှောင်မှာ အချိန်ဖြုန်းရဲ့

ပရ၀ဏ်ကျဉ်းလွန်းရဲ့
တိတ်တဆိတ် စိမ့်ဝင်လာတဲ့အလင်းတွေ
အကြွင်းအကျန်အငိုက်နဲ့ မျက်လုံးကိုတွန်းရဲ့
ပြီး……
လက်ဆွဲ နုတ်ဆက်ဖို့ရာ
ကယောင်ချောက်ချား နှုတ်ခမ်းကိုဖွင့်ရဲ့
‘စကားလွတ်ကျသံ’၊ ‘နစ္စဓူဝ’
မီးပူခေါက်ရိုးကျ ၀တ်ဆင်ဖို့ရာ
စီးကရက်တစ်တိုတောင် ရှာမတွေ့သေးဘူး။

မင်းစစ်အိမ်

Clockwork


So narrow is sphere
Than to manifest,the door open is less.
Book have dragged thought.
Then
when facing the pillow,
In sleep,the adhering mind floats.
To hit the ear,the alarm
Wastes in darkness.

So narrow is sphere.
Light sinking silently
Drives away the eyes with the lot dozing
Then
To take handshaking,
Reveal the lips ravingly
“The voice of words dropping”,”Daily  routine”
To wear the well-ironed dress,
Even a piece of cigarette,not yet found.

                                Trans:Mg Nay Pyar