Aug 16, 2012

အဖြူရောင်ချစ်စရာကောင်မလေးနှင့် ချစ်ခွင့်ပိုင်ဆိုင်ချင်သောသူငယ်ချင်း (တစ်ခန်းရပ်)

နှလုံးသားကျစ်စာတွေ
ထုပ်ပိုးခဲ့ရတာ
ရှေးကသုံးနှစ်သုံးမိုးကိုပင်  
တစ်ဘူတာလွန်ခဲ့။                
ဒီလိုနဲ့ကိုယ်ရင်ဟာ
မွန်းကြပ်ပြည်သိမ့်ရ။
ခံစားမှုနှင်တံက
ရိုက်မောင်းလို့
ဘ၀ကိုအရင်းတည်
ရင်နဲစာအထောင်အသောင်း
တိမ်းစောင်းလို့ လျှံကျ။
“မျှော်လင့်မီးရောင်ဟာ
အဖြူရောင်ဝတ်ရည်ပဲ
သူငယ်ချင်းရယ်---“ တဲ့။
ဘ၀မျိုးစေ့ကိုတည်
မ၀ံ့မရဲ  ရေလောင်းခဲ့တာမို့
(အချစ်ကဗျာဆရာကြီး)တင်နီဆင်ရေ
မင်းကို သတိတရ။

ဒါပေမဲ့
မြွေပါလည်းဆုံး  သားလည်းဆုံး
တိတ်တခိုး  ငါ့နှလုံးသားပါဆုံးရတာမို့
ချစ်ခွင့်မပိုင်တဲ့  ချစ်သူရေ
မင်းကို့ မေ့မရ ။

ဘ၀တွင် အချည်းနှီးပေးဆပ်ရသော်လည်း ချိုမြိန်သည့် အရာကား
အချစ်ဖြစ် သည်။(ကောင်လေး၏ဖြေတွေး)
 
               
                                                             မောင်နေပြာ