ရထား
သဘာဝတရား အထပ်ထပ်ပဲ
ရစ်ဝဲဖြစ်ပျက်နေဆဲ
ငါ့အတွက် လက်ဆောင်စကားကတော့
ကံဆိုးမသွားရာ မိုးထဲရေထဲမှာပါ။
လမ်းပြိုင်ပြေးရာ ဘူတာချင်းပေမဲ့
အလံချိုးတာတော့ တစ်ကျောင်းတစ်ဂါထာ။
ရထားတွေ တစ်စင်းပြီးတစ်စင်း
ဟော!
မနက်က တစ်ဆင်လဲတော့လည်း
ဒီရထား ဥသြသံပေးတာပဲလေ။
ဒါပေမဲ့
မနေ့က စကတ်ကွဲနဲ့ ကောင်မလေးတော့
သုခိတ ချစ်စရာစုတေစိတ်ကျတယ်။
ငါဟာ ချယ်ရီလို့ ချယ်ရီမှန်းမသိ
ငါဟာ ပိတောက်လို့ ပိတောက်မှန်းမသိ
ဂရပ်ဖစ် ငါရင်ဝမှာတော့
ဆူးခြုံတစ်ရာ ခရာတောတွေနဲ့။ ။