Jul 12, 2012

ကုန်ဆုံးခဲ့ပြီး တနင်္ဂနွေ

ကုန်ဆုံးခဲ့ပြီး တနင်္ဂနွေ 


ဟိုဆိုင်ဒီဆိုင်မှာ ထိုင်စောင့်ရတယ်
ဖုန်းတွေဘာတွေ ဆက်ရတယ်
ပျင်းတဲ့အခါ
ကြည့်ပြီးသားဇာတ်လမ်းတွေ ပြောရင်း
နှစ်ချို့အလွမ်းတွေ တရေးနိုး။ 

အတိတ်က ရွှေဘုံနန်း
ရေကြီးတဲ့ လမ်းအိုကြမ်း
သစ္စာကဘူတာ ပွဲမဆူဖို့
ရင်ခွင်တံခါး ဆွဲပိတ်ရ။

ရိုမန်းတစ် လင်းလင်းကို မမေ့နိုင်သူ
သီတင်းကျွတ်ရင် အိမ်ငှားမယ်ဆိုပဲ
စနေတွေက
နွေရက်ကြွေတွေလို တဖြုတ်ဖြုတ်
လာခဲ့ဖို့ပြောတာလည်း မေ့တတ်နေလိုက်တာ။

ဒီတနင်္ဂနွေကို
အားတင်းထားရတာ မလွယ်ကြော
အရောင်မှိန် နေ့စွဲတို့က
ရုတ်တရက် မိုးပြင်းကျလာသလို
နဂ္ဂတစ်ပေါ်က ပုံရိပ်တွေ
ချိုမြိန်မှု နဲ့ ဟာသ
ဒုက္ခ နဲ့ အထီးကျန်
လွမ်းစရာကျန်ရင်တော့ လွမ်းမှာပေါ့။

ထားပါ။
ခင်ဗျားတို့ မမေ့တတ်ဘူးဆိုရင်ပဲ ကျေနပ်ပြီ။
ကုန်ဆုံးခဲ့ပြီး တနင်္ဂနွေ။ ။

  မောင်နေပြာ